💓 Part - 13 💓

2.1K 141 12
                                    

         ကျိုးချန် ပြောလိုက်တဲ့စကားလုံးတွေက နားထဲကိုသံရည်ပူတွေ လောင်းထည့်လိုက်သလိုပဲ။ယောင်ရမ်းပြီး နားနှစ်ဖက်ကို ပိတ်ကာခေါင်းကိုငုံ့ချမိသည်အထိကို ခံနိုင်ရည်မဲ့သွားခဲ့တာ။

          အချစ်က ရှို့ဝမ်နဲ့ စေ့စပ်တော့မယ်တဲ့။အချစ် လူရွေးမှန်ပါတယ်။

          ကျိူးချန်မပြောခင်က သူ့စိတ်ကိုပြင်ဆင်ထားပြီး သားပါလို့  ပြောခဲ့ပြီးမှ တကယ်တမ်းတော့ ရိပေါ်မခံစားနိုင်ခဲ့ဘူး။အချစ်ဆုံးကို ဆုံးရှုံးလက်လွှတ်ရတော့မယ်ဆိုတဲ့အသိစိတ်က တစ်ကိုယ်လုံးကသွေးတွေကို ပြောင်းပြန်စီးဆင်းမတတ်ပဲ။

         အမြင့်ကြီးက ပန်းလေးကိုမမှီမကမ်းနဲ့ တုံးခုလှမ်းယူထားတော့မှ အကျနာရတာလည်း မောင်နဲ့တန်ပါတယ် အချစ်ရယ်။

         မဖြစ်နိုင်တာကိုသိနေပါလျက်။ အဆုံးသတ်ရွေးချယ်မှုမှာ မောင်မဟုတ်ဖူးဆိုတာကို ကြိုသိနေပါလျက်နဲ့ မောင်က မင်းကိုစွဲလန်းရူးသွပ်မိခဲ့တာ။

         မျက်ရည်တွေတလိမ့်လိမ့်စီးကျရင်း နာကျင်လွန်းတဲ့ဝဲဘက်ရင်ကို ဖိလို့မျက်လုံးအစုံကိုမှိတ်ထားမိတယ်။

           " ရိပေါ် ကိုယ်စိတ်မကောင်းဘူးကွာ။ကိုယ်လည်း မင်းနဲ့ပဲရှောင်းငယ်ကို သဘောတူမိတာ။မင်းတစ်ယောက်ထဲကသာ သူ့အပေါ်ကိုစိတ်ရှည်တာ။ အခုရှို့ဝမ်ကိုသူရွေးသွားပြီ။ရှေ့ဆက်ဘာတွေဖြစ်အုံးမလည်း ကိုယ်မတွေးရဲဘူး။ မင်းအရမ်းမခံစားပါနဲ့ကွာ။တစ်နေ့ ရှောင်းငယ်မင်းဆီပ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

           " ရိပေါ် ကိုယ်စိတ်မကောင်းဘူးကွာ။ကိုယ်လည်း မင်းနဲ့ပဲရှောင်းငယ်ကို သဘောတူမိတာ။မင်းတစ်ယောက်ထဲကသာ သူ့အပေါ်ကိုစိတ်ရှည်တာ။ အခုရှို့ဝမ်ကိုသူရွေးသွားပြီ။
ရှေ့ဆက်ဘာတွေဖြစ်အုံးမလည်း ကိုယ်မတွေးရဲဘူး။ မင်းအရမ်းမခံစားပါနဲ့ကွာ။တစ်နေ့ ရှောင်းငယ်မင်းဆီပြန်မရောက်တော့ဘူးလို့ မပြောနိုင်ဘူးလေ နော် အရမ်းမငိုပါနဲ့ အားတင်းထားအုံး "

          " ကျွန်တော့်ရင်ဘက်ကြီး ပေါက်ထွက်မတတ်ပဲ ကောရာ။အချစ်က ကျွန်တော့်ကို ထားခဲ့ပြီးတစ်ခြားတစ်ယောက်နဲ့လက်ထပ်တော့မယ်တဲ့။မပြည့်စုံသူမို့ အချစ်ကိုကျွန်တော့် ဘဝထဲမခေါ်ရက်လို့ စွန့်လွှတ်ပေးဖို့အသင့်ပါ။ဒါပေမဲ့ အချစ်က ကျွန်တော့ဘဝ ၊ ကျွန်တော့်ကမ္ဘာငယ်လေး ၊ ကျွန်တော့် အသက်ဗူးလေး ကောရယ်။ကျွန်တော့်သက်တမ်းကို သူပိုင်တာမို့ သူမရှိရင်သေသွားမလားပဲဗျာ။နာကျင်လိုက်တာ "

 မောင့် အချစ်များ စူး  [ Completed ]Where stories live. Discover now