ကျောင်းဆေးခန်းရောက်တော့ ဆရာဝန်က ရိပေါ်ရဲ့လက်ကောက်ဝတ်ကိုကြည့်ပြီး ခေါင်းခါတယ်....။အထိမခံနိုင်အောင် နာကျင်နေပုံနဲ့ ဖြစ်တဲ့အချိန်ခဏလေးမှာ ယောင်ရမ်းလာတာမို့ အခြေနေက စိုးရိမ်ရပုံပါပဲ။
" ကလေးတို့ လက်က ကျိူးသွားတယ်ထင်တယ်။ကျောင်းဆေးခန်းမှာက ဆေးမစုံဘူး။ဆေးရုံအမြန်သွားလိုက်ကြပါ။သွေးပူနေတုန်းကျောက်ပတ်တီး ကိုင်မှဖြစ်လိမ့်မယ်။ကြာသွားရင် အရိုးပြန်မဆက်မှာစိတ်ပူရတယ်..။ဆရာပြောတာနားလည်လား "
" ဟုတ်ကဲ့ပါ ဆရာ။သားတို့သွားလိုက်ပါ့မယ်။ရိပေါ် ကိုယ်တို့ဆေးရုံထပ်သွားရအုံးမယ်ကွာ "
" ဟုတ်ကဲ့ ကော တအားနာနေပြီ "
ကျိူးချန်မှာ ရိပေါ်ကို သနားလွန်းလို့ ပြောစရာစကားတွေကို မရှိတော့တဲ့အထိပါ။နေမကောင်းသေးတဲ့ အချိန်မှာတောင် လက်ထပ်ကျိူးရပြန်တယ်။မင်း ဘယ်လောက်တောင် နာကျင်ဝမ်းနည်းနေမှာ မပြောလည်းကိုယ်နားလည်ပါတယ်ကွာ။ကိုယ့်ညီကိုလေးကြောင့် မင်းရခဲ့တဲ့ဒဏ်ရာတွေကို ကိုယ်တတ်နိုင်သလောက် ပြန် ပေးဆပ်နိုင်ပေမဲ့ မတရားဘူးဆိုတာလည်း သိတယ်။သူ့ကြောင့် မင်းခံစားနေရသလိုပဲ မင်းတန်ဖိုးတွေသူပြန်သိလာတဲ့အချိန်ကျရင်ရော မင်းကြည့်ရက်ပါအုံးမလားကွာ။
ဆေးရုံမှာ ရိပေါ်လက်ကောက်ဝတ်အား ကျောက်ပတ်တီးကိုင်ပြီး အိမ်ပြန်လာခဲ့ကြတယ်။ဝမ်မားကတော့ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့သားကိုကြည့်ရင်း မျက်ရည်မဆည်နိုင်ဖြစ်ရသည်။ဒါတွေအားလုံးက ကျန့်ကျန့်လေးကြောင့်ဖြစ်ရတာကို သိနေသော်လည်း စိတ််မဆိုးနိုင်ဘူး။ရိပေါ်တင်မက မားကပါ သိပ်ချစ်တာမို့ ဝမ်သားမိဟာ ရှောင်ကျန့်အားမိသားစုအရင်းထက်ကိုသံယောဇဥ်ရှိတာ သိသာလွန်းပါတယ်။
" ရိပေါ် မင်းစာမေးပွဲက နောက်တစ်ပတ်ဆိုစ ပြီ။ဘယ်လိုလုပ်ကြမလည်း "
" ဆရာမနဲ့ ပြောကြည့်ရမှာပေါ့ ကောရယ်။ ကျွန်တော်မရေးနိုင်တော့လည်း တစ်ခြားသူကူရေးပေးရမှာပေါ့ "
" အိုကေ ညီလေး။အဲ့လိုရရင် ခဏနေကိုယ်နောက်ဆုံးဘာသာဖြေပြီးတာနဲ့ မင်းအတန်းပိုင်ဆရာမဆီဝင်ခဲ့လိုက်မယ်။မင်း မရေးနိုင်တော့ ကိုယ်ကူမှာပေါ့ကွာ ။ရှောင်းငယ်အစား ကိုယ်ကပဲ မင်းကိုရသလောက်ပြန်ကူညီပါ့မယ် "
YOU ARE READING
မောင့် အချစ်များ စူး [ Completed ]
Fanficအချစ်က မောင့်ကို ဘယ်တုန်းက မှ မရွေးချယ်ခဲ့ဘူး....💚 မောင့် တန်ဖိုးကို နားမလည်ခဲ့တော့.....မောင့်အချစ်တွေ စူး ခဲ့သည်....❤