ဖက်တွယ်ထားသည်။တင်းကြပ်သည်လို့ ထင်ရပေမဲ့ တကယ်တမ်းအားမပါခဲ့တဲ့အခါ ချစ်ရသူလေးက စိတ်ကောက်ချင်တယ်။
" အချစ် မောင့် ကလေးလေး ။ကြည့်ပါအုံး မောင့်ကိုကြည့်ပါအုံးဗျာ "
" အဟင့် မောင် "
" ဗျာ "
ရင်ခွင်က မော့ကြည့်လာသူလေးကို ပြုံးပြလို့ပါးပြင်လေးကို လက်ဖဝါးတွေနဲ့ အုပ်ကိုင်ထားမိတယ်။ငိုထားလို့ နီရဲတွတ်နေတဲ့ မျက်နှာလေးက ခုနကသူမြင်ခဲ့သလို ချောင်ချောင်လေးမဟုတ်တော့ဘဲ အနည်းငယ်ဖောင်းလာပြီ။
" မင်း ငါ့ကိုမချစ်တော့ဘူးမလား။အီး အဟင့်ရွှတ် ငါသိတယ် ။မောင်က ဟိုးတုန်းကလို ချစ်တော့ဘူး အီး "
" ကလေးလေး မငိုနဲ့...တိတ်တော့။ကြည့်စမ်း မောင့်ကိုကြည့်ပြောစမ်းပါကွ။မောင့်ပုံစံက မင်းကိုမချစ်တော့တဲ့ပုံ ပေါက်နေလို့လား "
မျက်ဝန်းအိမ်မှာ မျက်ရည်ဥလေးတွေ တွဲလဲခိုလို့ စိုဖက်နေတဲ့အကြည့်လေးနဲ့ သူ့ကိုမော့ကြည့်ရှာတဲ့ ချစ်သူလေးကို အားမလိုအားမရဖြစ်မိတယ်။
မချစ်တော့ဘူးလို့ ထင်ရက်လေခြင်း ချစ်သူရယ်။ရူးမတတ် ချစ်ပါတယ်လို့ မောင်ပြောခဲ့တာကို မယုံကြည်ဘူးလား ။မင်းကို သိပ်ချစ်လွန်းလို့တောင် မနာကျည်းရက်ခဲ့တာပါ။
အချစ်ကြီးရင် အမြတ်ကြီးတယ်ဆိုတဲ့ စကားက မောင်နဲ့ကျတော့ အမှားကြီးမှားတာပေါ့ကွာ။
" မောင့် ချစ် ဖြေလေဗျာ "" မောင် "
" ဗျား "
" ငါလေ ဟင့် မောင် မချစ်တော့ဘူးလို့ထင်တာက လေ ဟို မောင် ငါ့ကိုဖက်တာ အရင်တုန်းက လို တင်းတင်းလေးဟုတ်တော့ဘူး အဲ့ဒါ "
YOU ARE READING
မောင့် အချစ်များ စူး [ Completed ]
Fanficအချစ်က မောင့်ကို ဘယ်တုန်းက မှ မရွေးချယ်ခဲ့ဘူး....💚 မောင့် တန်ဖိုးကို နားမလည်ခဲ့တော့.....မောင့်အချစ်တွေ စူး ခဲ့သည်....❤