💓 Part - 33 💓

2.6K 190 24
                                    

အနက်ရောင်ကားတန်းကြီး ဝမ်အိမ်တော်ထဲဝင်လိုက်တာနဲ့ ရိပေါ်ရဲ့ကိုယ်ပေါ်ကနေ ခေါင်းလေးထောင်ကြည့်လာတဲ့ ရှောင်ကျန့်လေးက ခြံဝန်းထဲစူးစမ်းလေ့လာပါတယ်။

ဘေးဘက်က ခြံကျယ်ကြီးကိုနယ်ချဲ့ဝယ်ပြီး ပထမဝမ်အိမ်တော်ကြီး ဆောက်နေတာကလွဲရင် ဘာမှမပြောင်းလဲပါဘူး။

အရင်အိမ်ကလေးရှေ့က LiLi ပန်းခင်းကြီးလည်းစ ပွင့်နေပြီဖြစ်သလိုအိမ်ခြံဝန်းရဲ့ အဝင်လမ်းကလေးကလည်း အရင်တိုင်းပန်းတွေဝေဆာလျက်ပါပဲ။

" မောင့် "

" ဗျာ "

" LiLi ပန်းတွေတောင် ပွင့်နေပြီနော် "

" ဟုတ်ပါ့ဗျာ ။မနေ့ကတောင် ပန်းဝယ်သူတွေနဲ့အိမ်ထဲပြည့်နေတာဗျ "

" အရင်တစ်ပတ်ပွင့်တုန်းက မောင့်လက်လေး ဓားထိသွားတာမှတ်မိသေးတယ် "

" ဟုတ်ပါ့ ဟုတ်ပါ့ "

" မောင် နာနေသေးလားဟင် "

ကားပေါ်ကမဆင်းသေးဘဲ ရိပေါ်ရင်ဘက်ပေါ်မှောက်လျက်လေးနဲ့ အရင်တုန်းကအမှတ်တရလေးတွေကို ချစ်စဖွယ်လေးပြောပြနေတဲ့ ထိုလူသားလေးက လွန်ခဲ့တဲ့ငါးလလောက်က ရိပေါ်ပန်းခူးရင်းဓားထိခဲ့တာကို သတိရပြီးမောင် နာနေသေးလားတဲ့။

ငါးလ တောင်ကြာခဲ့ပြီကို ခုကျမှ နာနေသေးလားဆိုတော့။ကဲ ဘယ်လိုဖြေကြမလည်း။

" အိုက်ယား မောင့် ချစ်မဝလေးရယ်။ကြာခဲ့ပြီကို ခုမှနာတော့မလားဗျ အရူးလေး "

" ဟိဟိ ချစ်လို့ပါ မောင်က လည်းနော် "

" ချစ်ပါ့ဗျာ။ကဲ ကားပေါ်က ဆင်းရအောင်ဗျ "

" ဟုတ်ကဲ့ဗျ "

" လိမ္မာနေတာကွာ ကလေးလေးက "

" မောင့် ကလေးလေးနော် "

" အွန်းပါ့ မောင့်ကလေးလေးပါဗျာ "

ချီပြီး အိမ်ထဲဝင်လာတဲ့ထိကို အဆိုးလေးကစကားတွေ တတွတ်တွတ်နဲ့ တီတီတာတာလေးတွေ ပြောလို့နေတာ။ဘယ်လို ချစ်စရာကောင်လေးမှန်းကို မသိဘူး။

ချီပြီး အိမ်ထဲဝင်လာတဲ့ထိကို အဆိုးလေးကစကားတွေ တတွတ်တွတ်နဲ့ တီတီတာတာလေးတွေ ပြောလို့နေတာ။ဘယ်လို ချစ်စရာကောင်လေးမှန်းကို မသိဘူး။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
 မောင့် အချစ်များ စူး  [ Completed ]Where stories live. Discover now