ပျော်စရာသိပ်ကောင်းတဲ့အချိန်လေးတွေ။
တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ မခွဲနိုင်မခွာရက်ဖြစ်ခဲ့တဲ့ အဖိုးတန်အချိန်လေးတွေ။ရိပေါ် သိပ်ကိုကြည်နူးရတာထက်ကို ပိုပါတယ်။အချစ်က သူဆီကို အတန်းအားချိန်လွမ်းလို့ရောက်လာပါတယ်တဲ့။
မောင်က ပိုလွမ်းတယ်ဆိုရင် အချစ်ကယုံကြည်ပေးနော်။မောင့် ချစ်မဝလေးကို အမြဲတမ်းမောင့်ရင်ခွင်ထဲမှာပဲ ထွေးပွေ့ထားချင်တာ အချစ်နဲ့ပတ်သတ်တဲ့ မောင့်အတ္တသေးသေးလေးပါ။
မောင်က မပြည့်စုံပေမဲ့ အချစ်ကိုပေးနိုင်တဲ့ မောင့်အချစ် မောင့်မေတ္တာတွေက ပြည့်စုံတာထက်ကိုပိုပါတယ်ဗျာ။
" မောင် "
" ဗျာ "
ဆရာမ စာသင်နေတုန်းရိပေါ်က စာကိုအာရုံစိုက်ထားပေမဲ့ ဆိုင်သူလေးကို ဂရုစိုက်ဖို့လည်း မေ့မနေခဲ့ပါဘူး။ခေါ်သံတိုးတိုးလေးကြောင့် ပြန်ထူးပြီး ဆုပ်ကိုင်ထားမိတဲ့ လက်ကလေးကို နမ်းလိုက်မိလျက်သား။
ဒါကို အရမ်းကျေနပ်ပြီး ပြုံးရွှင်သွားတဲ့မျက်နှာကလေးကို မြင်ရပြန်တော့ မောင့်ရင်ထဲလည်း အချစ်နဲ့ထပ်တူပါပဲကွယ်။
" မောင် အာဝါးပေးအုံးလေ "
" ဟင်.ခုလား အချစ် "" ဟုတ်တယ် ဘာလဲ မောင်က မပေးချင်ဘူးလား ငြိုငြင်နေပြီလားနော် "
" ရှူး စိတ်မကောက်ရဘူး မောင့်အသဲသက်လေးက ။အချစ်လိုချင်ရင် မောင်ကပေးမှာပေါ့ မွ မောင့်ချစ်ဆုံးလေး "
" ဟိဟိ မောင် ချိရယ်ညော် "
" ချစ်ပါတယ်ဗျာ မောင် စာသင်အုံးမယ်နော် "
" ဟုတ် "
သူလိုချင်တာလေးရသွားတော့ မျက်နှာကြည်ကြည်လေးက ပြုံးလို့။လူကြားထဲမရှောင် ရှောင်ကျန့်ကို ချစ်တတ်လွန်းတဲ့တစ်ကျောင်းလုံးရဲ့အချောဆုံး King ရိပေါ်ကို အတန်းထဲက ကျောင်းသားတွေ အားကျလေးစားရပါတယ်။
စာသင်နေချိန်မှာတောင် ချစ်သူတောင်းတဲ့အနမ်းကို မငြိုမငြင်ပေးရဲတဲ့ ရဲရဲတောက် ချစ်တတ်သူကြီးပါ။ရိပေါ်က စာကိုပြန်အာရုံစိုက်ထားပြီး စားပွဲပေါ်မှောက်အိပ်နေတဲ့ ဆိုင်သူလေးရဲ့ မျက်နှာလေးအောက်ကို သူ့ရဲ့ဘယ်လက်ဖဝါးတစ်ဖက် ထိုးခံပေးထားပါသေးတယ်။
YOU ARE READING
မောင့် အချစ်များ စူး [ Completed ]
Fanficအချစ်က မောင့်ကို ဘယ်တုန်းက မှ မရွေးချယ်ခဲ့ဘူး....💚 မောင့် တန်ဖိုးကို နားမလည်ခဲ့တော့.....မောင့်အချစ်တွေ စူး ခဲ့သည်....❤