" ရှောင်းငယ်။စိတ်မကောင်းဖြစ်နေတာလား။ရိပေါ်က မင်းအဆင်ပြေရင် သူလည်းပြေတယ်။မင်းပျော်ရင် သူလည်းပျော်တယ်တဲ့။ဒါကြောင့် မင်းကအဲ့လိုကြီးမနေနဲ့လေ "
" ကျိူးချန်အဟင့်မောင်ကလေ ငါ့ကိုသိပ်ချစ်တာ။ငါ့အတွက်ပဲ အမြဲစဥ်းစားပေးတာ။ငါ့ကြောင့် မောင်နာကျင်ခဲ့ရတာတွေသိပါတယ်။ငါ့အပြစ်တွေပါ အီးး ဟီး "
" မငိုပါနဲ့ကွာ။မင်း အခုနားလည်သလောက်ဖြစ်နေပြီမလား။မင်းအိမ်ထောင်ရေးကို ဂရုစိုက်အုံး။ပတ်ဝန်းကျင်ရှိသေးတယ်။ကြားမကောင်းတာတွေ ဖြစ်ကုန်အုံးမယ် "
" ငါ ငါ ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူးကွာ။ခုချိန်မှာ မောင်နဲ့တွေ့ရရင် သိပ်ကောင်းမှာပဲ။မောင့် ရင်ခွင်ထဲဝင်ပြီး ငါတကယ်ငိုမိလိမ့်မယ် "
" ရှောင်းငယ် ရှောင်းငယ်။ခုမှ အစပဲရှိသေးတယ်။ငါလည်း မင်းကိုကူညီပေးချင်ပါတယ်။ဒါပေမဲ့ မင်းနဲ့ရှို့ဝမ်က တရားဝင်ဖြစ်နေတော့ခက်သား "
" ထားပါတော့ကွာ။မင်းတို့အလုပ်ရှိတယ်မလား ငါ့ကို ပြန်ပို့တော့လေ "
" အင်းပါ....ပြန်ရအောင် "
ကျိူးချန်ဟာ ရိပေါ်ရဲ့ကျောက်ပတ်တီးကိုင်ထားတဲ့လက်ကို ပတ်တီးပြန်ဖြည် ရမဲ့အကြောင်းကိုတော့ ရှောင်းကိုမပြောပြခဲ့ပါဘူး။သူ့ကြောင့်ဖြစ် ရတယ်ဆိုရင် ပိုပြီးဝမ်းနည်းနေတော့မှာကို သိတာမို့မပြောဘဲရှောင်လိုက်တာ အကောင်းဆုံးပဲလေ။
ရှောင်ကျန့်ကို ရှောင်းအိမ်တော်ပြန်ပို့ပေးခဲ့ပြီး ရိပေါ်အိမ်ကိုကားနဲ့ထွက်လာခဲ့လိုက်တယ်။အိမ်ရှေ့လမ်းမပေါ်နဲ့ အိမ်ဝိုင်းထဲမှာအနက်ရောင်ကားတွေရပ်ထားတာမို့ ရိပေါ်ရဲ့ပါပါး ဥက္ကဌဝမ် ရောက်နေကြောင်းသိလိုက်တယ်။သူလည်း ကားကိုလွတ်တဲ့နေရာမှာ ရပ်ထားလိုက်ပြီး အိမ်ထဲဝင်ခဲ့တော့ လူတွေစုံနေတာကိုတွေ့လိုက်ရသည်။
YOU ARE READING
မောင့် အချစ်များ စူး [ Completed ]
फैनफिक्शनအချစ်က မောင့်ကို ဘယ်တုန်းက မှ မရွေးချယ်ခဲ့ဘူး....💚 မောင့် တန်ဖိုးကို နားမလည်ခဲ့တော့.....မောင့်အချစ်တွေ စူး ခဲ့သည်....❤