ဂုဏ် ဂုဏ်ချင်းထပ် ၊ နေနဲ့လ ရွှေနဲ့မြ ဆိုသလိုပဲ အဆင့်တန်းတွေတူကြလေတော့ မဂ်လာပွဲဟာ ကြီးကျယ်ခမ်းနားလွန်းတယ်။
ယှဥ်လိုပါတယ်။သို့ပါသော်လည်း မယှဥ်ဝံ့ပါဘူး အချစ်ဆုံးအသဲရယ်ကွာ။🎶
စည်းစိမ်ဥစ္စာကိုစွန့်ပြီး မောင့်နောက်လိုက်ခဲ့ရင် သူစိမ်းလူတွေ ကဲ့ရဲ့ကြလိမ့်မယ်။ဘာပိုင်ဆိုင်မှုမှ မရှိတဲ့မောင့်လိုလူရဲ့ရင်ခွင်ထဲမှာ ဂုဏ်ငယ်နေရအုံးမယ်။
အချစ်အသိုင်းဝိုင်းတွေက မောင်နဲ့သဘောမတူဘူးလို့ပြောကြတဲ့အပေါ်မှာ မောင်အားငယ်မိပေမဲ့ မှန်တာကိုလက်မခံလို့မရဘူးလေ။ငွေးကြေးဂုဏ်ဒြပ်တွေခွဲခြားနေကြလို့ နှလုံးသားကို ကိုယ်ချင်းမစာကြတဲ့အပေါ်မှာ အချစ်လည်း ပါဝင်ခဲ့တော့မောင့်မှာရူးမတတ်ပါပဲ။
မောင် မေးပါရစေအုံး။အချစ်က ဘယ်လောက်တန်တာလည်း။ငွေနဲ့တန်ဖိုးဖြတ်လို့ရတဲ့အရာလားခင်ဗျာ။
ရက်စက်လိုက်တာ လို့မပြောရက်ဖူးအချစ်ရယ်။မောင့်အသဲတစ်ခုလုံးကို နင်းဆုပ်ခြေ သွားပေမဲ့ မင်းပျော်နေတာမြင်ရပြန်တော့ အသဲကွဲရလည်း မောင်ကျေနပ်မိပြန်တယ်။
ရွှေငွေပြည့်စုံတဲ့ ရောင်စုံလူတွေကြားမှာ မောင့်ရဲ့အချစ်လေး ပျော်ရွှင်ပါစေဗျာ။
အချစ်ရဲ့ လက်ထပ်ပွဲတဲ့။
မောင့်ဘဝလေးဖြစ်တဲ့ မင်းကိုရှို့ဝမ်လက်ထဲထည့်ပေးလိုက်ရတာ မောင့်အသဲနှလုံးကိုထုတ်ပြီးပေးလိုက်ရသလိုပါပဲ။မနေ့ကထိ ဒီမဂ်လာပွဲကြီးက မနက်ဖြန်ဧကန်မုချ ဖြစ်သွားမယ်ဆိုတာကို သိနေတော့မောင့်စိတ်တွေ ဖြေဆည်မရအောင်မွန်းကြပ်ခဲ့ရတာ။
ဇာတ်လမ်းထဲကလို ဆင်ဆာဖြတ်လို့မရဘူး။တားဆီးဖို့ မောင်မစွမ်းသာဘူးအချစ်ရယ်။ရင်ဘက်တွေအောင့်လိုက်တာ။
" အား!! အချစ်ရေ။မောင့်ကိုအသေလာသတ်ပါတော့လားဗျာ။မောင့်ရင်တစ်ခုလုံးစုတ်ပြတ်သတ်နေပြီမို့ မောင့်အသက်ကိုလာယူပါတော့။သေသွားတာကမှ ဖြေသာအုံးမယ် အင့် အဟင့် "
" သားငယ်လေး စိတ်ထိန်းပါသားရယ်။အဲ့လောက်ကြီး မပေါက်ကွဲရဘူးလေ။သတိထားအုံးကလေးရဲ့"
YOU ARE READING
မောင့် အချစ်များ စူး [ Completed ]
Fanfictionအချစ်က မောင့်ကို ဘယ်တုန်းက မှ မရွေးချယ်ခဲ့ဘူး....💚 မောင့် တန်ဖိုးကို နားမလည်ခဲ့တော့.....မောင့်အချစ်တွေ စူး ခဲ့သည်....❤