💓 Part - 32 💓

2.9K 201 23
                                    

      " ထမင်းစားရအောင်လေ "

      ထိုင်ခုံနောက်မှီကို မှီထိုင်ကာမျက်ဝန်းတွေမှေးမှိတ်ထားတဲ့မောင်က နေလို့မကောင်းတာသိသာတယ်။ရှောင်းကျန့်အသံကြားတော့ ခပ်လျော့လျော့ပွင့်လာတဲ့မျက်ဝန်းလေးတွေက အားသိပ်မရှိ။

      လူကိုမတ်မတ်ပြန်ထိုင်ကာ ရှောင်းကျန့်ကိုမျက်နှာချင်းဆိုင်ပြီးငေးကြည့်နေတဲ့ မောင့်ကိုထမင်းဝင်အောင်လို့ ချော့ရအုံးမည်။ထမင်းဘူးလေးကို ဖွင့်ပေးကာကျွေးဖို့လုပ်ပေမဲ့လည်း စိတ်မပါတဲ့မောင့်ရဲ့အကြည့်ကြောင့် စားချင်စဖွယ် ထမင်းဟင်းလေးတွေတောင် မျက်နှာငယ်လောက်တယ်။

      " တစ်ပတ်လုံး ကောင်းကောင်းမစားဘူးဆို ခု စားရအောင်နော် "

      " မောင် စားလို့မရဘူး အချစ်ရယ် "

      " ကျွန်တော် ခွံ့ကျွေးမှာလေ။အဲ့လိုဆိုရင်တောင် စားလို့မရဘူးလား "

      " အချစ်လည်း စားမှာလား "

      " အိမ်က စားခဲ့ပြီ "

      " အော် ဟုတ်ကဲ့ "

      မျက်နှာလေး အောက်ငုံ့ချကာ စိတ်မကောင်းဖြစ်သွားပြန်တဲ့မောင်က ခုထိစားဖို့မစဥ်းစားသေးဘူး။တစ်ချိန်လုံး အဲ့လိုလုပ်နေခဲ့တာလား မောင်။ကျွန်တော် ပစ်ထားခဲ့မိတဲ့အချိန်တွေမှာ မောင်တအားပေါ့ပေါ့တန်တန်ဖြစ်သွားတာပဲ။

      ကျန်းမာရေးလည်း ဂရုမစိုက်တော့သလို၊စိတ်နဲ့ကိုယ်နဲ့တောင်ကပ်သေးရဲ့လား မသိဘူး။ရှောင်းကျန့်ဟာ မောင့်ကိုစိတ်မဆိုးရက်တော့အောင် တအားသနားသွားပြီး မောင့်စိတ်ကိုတည်ညိမ်အောင်လုပ်ပေးဖို့ပဲ ဆန္ဒရှိတော့သည်။

      မောင်နဲ့မျက်နှာချင်းဆိုင် ထိုင်နေရင်းကနေမောင့်ဘေးကိုသွားကာ မောင့်လက်မောင်းကိုဖက်တွယ်လိုက်မိတယ်။မောင့်ပုခုံးစွန်းမှာ မေးလေးတင်ပြီးပြုံးကာပြတော့ အံ့သြနေတဲ့မောင့်မျက်နှာချောချောကို ကျွန်တော်သိပ်မြတ်နိုးလိုက်တာ မောင်။

      မောင်နဲ့မျက်နှာချင်းဆိုင် ထိုင်နေရင်းကနေမောင့်ဘေးကိုသွားကာ မောင့်လက်မောင်းကိုဖက်တွယ်လိုက်မိတယ်။မောင့်ပုခုံးစွန်းမှာ မေးလေးတင်ပြီးပြုံးကာပြတော့ အံ့သြနေတဲ့မောင့်မျက်နှာချောချောကို ကျွန်တော်သိပ်မြတ်နိုးလိုက်တာ မောင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
 မောင့် အချစ်များ စူး  [ Completed ]Where stories live. Discover now