💓 Part - 22 💓

2.9K 156 43
                                    

" ရှောင်း ရှောင်းငယ် အေ့ "

အိမ်အပြင်ဘက်ဆီမှ လျှိူရှို့ဝမ်ရဲ့ခေါ်သံကြောင့် ကျိူးချန် ကျစ်တစ်ချက်သပ်လိုက်မိတယ်။ရှောင်ကျန့်ကိုစိတ်မချလို့ သူ့အိမ်ဘက်ကိုမပြန်ဘဲ အဖော်ပြုပေးနေခဲ့တာ။

အချိန်အားဖြင့် မနက် 3 နာကျော်ကျော်ရှိနေပြီ။အိပ်ကောင်းချိန်မို့ ရှောင်ကျန့်နိုးသွားမှာကို စိုးရိမ်ကာ မိမိပေါင်ပေါ်အိပ်နေတဲ့ညီငယ်လေးကို အသာချပေးလိုက်ပြီး အခန်းပြင်ထွက်ခဲ့လိုက်သည်။

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာခြေပစ်လက်ပစ်ဖြစ်နေတဲ့ ရှို့ဝမ်နဲ့အတူ ဘေးမှာလည်းအတိုအပြတ်နဲ့မိန်းမတစ်ယောက်ကို စိတ်ပျက်စရာတွေ့လိုက်ရသည်။ထိုမိန်းမဟာ ရှိူ့ဝမ်ကိုပွေ့ဖက်နေပြီး နမ်းရှုံ့နေတာက မသိရင်သူ့ယောကျာ်းလိုပါပဲ။

" ရွံစရာပဲ။လျှိုမိသားစုရဲ့ သခင်လေးကအဲ့လိုမျိူး မိန်းမတကာနဲ့ထိတွေ့နေတတ်တာပဲလား "

" အေ့ ဘာ ဘာလည်းကွ။မင်းက အေ့..ဘာကောင်မို့ ငါ့ကိုပြောရဲတာလည်း အေ့ "

" ငါဘာကောင်လည်း မင်းသိဖို့မလိုဘူး။ဘယ့်နှယ့်ကွာ ဒီနေ့မှ မဂ်လာဆောင်ထားရုံရှိသေးတယ်။မင်းကခုလိုတွေဖြစ်နေတော့ မင်းမိဘတွေရှက်စရာဖြစ်မနေဘူးလား။ပြီးတော့ ရှောင်းငယ်...။မင်းတရားဝင်လက်ထပ်ထားတာက ရှောင်းငယ်နော် "

" ဟား ဟားရှောင်းငယ်လား။သူက ယောကျာ်းတစ်ယောက်ပဲ။ငါ့ဆန္ဒကိုဟော့ဒီက နတ်သမီးလေးလောက် အေ့ မဖြည့်ဆည်းနိုင်ဘဲနဲ့ ဟား ဟား"

ရှို့ဝမ်ဟာ သူ့ဘေးနားကမိန်းမကို ခါးဆွဲဖက်ချလိုက်ပြီး တရှုံ့ရှုံ့နမ်းနေတာက ကျိူးချန်ရှေ့မြင်မကောင်းစရာဖြစ်နေပါတယ်။ဒေါသကို ထိန်းမရတဲ့ကျိူးချန်တစ်ယောက် ရှို့ဝမ်ကိုကော်လံစ ဆွဲကာထ စေလိုက်တယ်။

" အေ့ ဟား မင်းလွှတ်စမ်းငါ့ကို "

" ရှင် ဘာလုပ်တာလည်း။ရှို့ကောကိုလွှတ်ပေး "

" ဖယ်စမ်း !! ကျက်သရေမရှိတဲ့ မင်းစောက်ပါးစပ်ကိုပိတ်ထားလိုက်.။ဒီမှာ ရှို့ဝမ် မင်း ဘယ်မိန်းမနဲ့နေနေ ငါဂရုမစိုက်ဖူး။ဒါပေမဲ့မင်းရဲ့တရားဝင်ခင်ပွန်းကိုတော့ အဲ့လိုမပြောနဲ့ကွ။မင်း ထောင်ထဲဝင်ချင်ပြီလား ဟမ် "

 မောင့် အချစ်များ စူး  [ Completed ]Where stories live. Discover now