" အော် မင်းက ရိပေါ်နဲ့ပြန်တွဲခုတ်ချင်လို့ ကိုယ့်ဆီမှာကွာရှင်းခွင့် တောင်းတာပေါ့ဟုတ်လား "
နောက်ဘက်က နေ ကြားလိုက်ရတဲ့ လျှိူရှို့ဝမ်ရဲ့အသံကြောင့် ရိပေါ်အံ့သြသွားရသည်။မိမိ လက်မောင်းအားတွဲခိုထားတဲ့ အချစ်ဆုံးရဲ့လက်သေးသေးလေးတွေဟာ ပိုလို့တင်းကြပ်လာပါတယ်။အောက်နုတ်ခမ်းလေးကို ဖိကိုက်လို့သူ့ကိုမော့ကြည့်လာတဲ့ ကောင်လေးအားနားမလည်နိုင်တော့ဘူး။
ဘာတွေ လုပ်နေတာလည်းအချစ်ရယ် ။ ရှောင်းကျန့်ဟာ ဘေးမှာမောင်ရှိတယ် ဆိုတဲ့စိတ်ကလေးနဲ့ ရှို့ဝမ်ကိုပြန်ရင်ဆိုင်လိုက်မိတယ်။
" ဟုတ်တယ် ရှို့ဝမ် ။မင်းပြောသလိုပါပဲ ။ငါ မောင့်ဆီပြန်သွားတော့မယ်။မောင်ပဲ ငါ့ကိုဂရုစိုက်တာ။မောင်တစ်ယောက်ထဲကပဲ ငါ့ကိုပျော်အောင်ထားနိုင်တာမို့ မောင်ဆင်းရဲလည်းခုချိန်မှာ ပြသနာမရှိတော့ဘူး။ငါ မောင့်ကိုချစ်တယ။ဒါကြောင့် ကွာရှင်းရအောင်ပါ "
" အချစ် "
" ချစ်တယ် မောင်။ကျွန်တော် မောင့်ကိုသိပ်ချစ်တာမို့ မောင့်ဆီပြန်လာပါ့မယ် "
" မောင့် ချစ်ရယ်။မောင် ဝမ်းသာလိုက်တာဗျာ "
လက်မောင်းကို ဆုပ်ကိုင်ထားတဲ့လက်ကလေးကို ပြန်အုပ်ကိုင်လိုက်တဲ့ ရိပေါ်ရဲ့ဝမ်းသာမှုက မျက်ရည်တွေဝဲရသည်အထိပါ။မောင် မျှော်လင့်ခဲ့မိတဲ့ အချစ်နုတ်ဖျားက စကားလေးတစ်ခွန်းပါဗျာ။အချစ်ကိုယ်တိုင် မောင့်ဆီကို လိုလိုလားလားနဲ့ပြန်လာမဲ့နေ့လေးကို မောင်စောင့်နေခဲ့တာ။
" အဟက် ဟားး ဟား ဟား ရှောင်းငယ်။မင်းထင်နေလား ကိုယ်ကလွယ်လွယ်လေး ကွာရှင်းပေးမယ်လို့လေ ဟားး ဟား "
" မင်း ကတိမဖျက်နဲ့ ရှို့ဝမ်။ငါတို့ သဘောတူပြီးပြီလေ။စီးပွားရေးတွေ ပိုပြီးအောင်မြင်ဖို့ ငါမင်းနဲ့လက်ထပ်ခဲ့ပေမဲ့ ဘာမှဖြစ်မလာဘူး။ငါတို့သာ အောက်ဆုံးထိရောက်သွားတယ်။မင်းတို့မိသားစုက ပုံမှန်တိုင်းပဲလေ။ငါ့ကိုလွှတ်ပေးပါရှို့ဝမ်။မောင်နဲ့ပြန်နေခွင့်ပေးပါ "
YOU ARE READING
မောင့် အချစ်များ စူး [ Completed ]
Fanficအချစ်က မောင့်ကို ဘယ်တုန်းက မှ မရွေးချယ်ခဲ့ဘူး....💚 မောင့် တန်ဖိုးကို နားမလည်ခဲ့တော့.....မောင့်အချစ်တွေ စူး ခဲ့သည်....❤