3

1.7K 212 64
                                    


ဆော့ဂျင်တစ်ယောက်...ဒီနေ့အတန်းထဲ၌မြောက်ကြွမြောက်ကြွဖြစ်နေသည်...အဘယ့်ကြောင့်ဆိုသော်..ယနေ့၌အမှတ်စာရင်းများပြောမည်ဖြစ်သည်...စာမေးပွဲ အတွက်အကောင်းဆုံးကြိုးစားခဲ့ရသော...ဆော့ဂျင်လေးမှာတော့...ပထမရချင်နေခဲ့သည်....

ခနနေတော့အတန်းထဲအားဆရာမဝင်လာသောကြောင့်အတန်းထဲမှကျောင်းသူကျောင်းသားများ၏အသံများမှာတိကနဲ ​ြငိမ်ကျသွားလေသည်...

"ဒီနေ့အမှတ်စာရင်းပြောမဲ့နေ့..အားလုံးစိတ်လှုပ်ရှားနေမယ်လို့ဆရာမထင်ပါတယ်..."

အမှတ်စာရင်းအားပြောမှာဖြင့်မပြောပဲ...ကျောင်းသူကျောင်းသားများအားလူယုတ်မာအပြုံးပြုံး၍ကြည့်နေသောဆရာမကြောင့်ဆော့ဂျင်လေးမှာစိတ်မရှည်တော့...ဘေးနမှယွန်းဂီ၏လက်များအားစိတ်ဆွဲနေလေသည်...

ယွန်းဂီမှာတော့စိတ်ဆွဲနေသောဆော့ဂျင်လက်များအားတွန်းဖယ်လျက်.....

"ပထမကတော့အရင်အတိုင်းပဲ...ပြောင်းလဲမှုမရှိတဲ့...ဂျွန်ဂျောင်ဂုပါ..."

ထိုစကားအားကြားသောအခါ..ဆော့ဂျင်မှာ...ပထမဦးဆုံးပြေးမြင်သည်ကဂျွန်ဂျောင်ဂု၏မျက်နှာ....

အား!!မုန်းလိုက်တာနော်...ကျောင်းနောက်ကျပြီး..ကျောင်းမှာအမြဲခိုးအိပ်နေတဲ့ကောင်ကရပြန်ပြီ...
သူ့(ဆော့ဂျင်)မယ်တော့နေ့မနားညမနားကြိုးစားလွန်း၍အဖျားတောင်ဝင်ခဲ့တာလေ...အဲ့လိုမဖြစ်သင့်ဘူး..အရူးယုန်ကောင်...မင်းနဲ့ငါတွေ့မယ်...။

......

ကျောင်းသန့်စင်ခန်းထဲ၌ဆော့ဂျင်တစ်ယောက်ဂျွန်ဂျောင်ဂုအားစောင့်နေလေသည်....

ဂျောင်ဂု၏အရိပ်အားဖျတ်ခနဲမင်လိုက်ရသည်နှင့်ဂျောင်ဂုနားသို့အပြေးသွားကာ...ဂျောင်ဂု၏ကိုယ်အားနံရံနှင့်ကပ်လိုက်လေသည်....
သို့သော်ငြားဂျောင်ဂုကပဲလျှင်မြန်လွန်းလှသည်လားမသိ....နံရံနှင့်မျက်နှာအပ်လိုက်ရသူမှာဆော့ဂျင်သာဖြစ်ပေသည်...

"အင့်...နာတယ်.."

ဂျောင်ဂုမှာလည်းခုနကဘယ်သူမှန်းမသိ၍အားကုန်သုံးလိုက်ပြီးမှအသံသေးသေးလေးကြားသဖြင့်...အလန့်တကြားငုတ်ကြည့်လိုက်မှသာ..ဆော့ဂျင်မှန်းသိရှာသည်..

My sensitive plant (Completed)Where stories live. Discover now