4

1.6K 189 42
                                    

ဆော့ဂျင်တစ်ယောက်အခန်းထဲသို့တုန်တုန်ရီရီနှင့်ဝင်လာလေသည်....

အခန်းအတတွင်းသိူ့ရောက်ရောက်ချင်းဂျောင်ဂုနေရာသို့လှမ်းကြည့်လိုက်သော်...ကိုယ်တော်ချောကဘာမှမဖြစ်ခဲ့သလို...သူ့အားပြန်စိုက်ကြည့်နေလိုက်သေးသည်...

အလကား...အပေအတေကောင်...
ထိုအကောင်အားဆက်ကြည့်မနေတော့ပဲ...သူ၏ထိုင်ခုံ၌သာငြိမ်ငြိမ်လေးသွားထိုင်နေလိုက်သည်.....

"ယွန်းဂီ..."

"ပြောစမ်း....ဝက်ပေါက်..."

"ဟင့်...အိမ်ပြန်ချင်တယ်...ငါနေလို့ထိုင်လို့မကောင်းဘူးယွန်းဂီ..."

ထိုတော့မှယွန်းဂီတစ်ယောက်လည်းဆော့ဂျင်ဘက်သို့ပြာပြာသလဲလှည့်ကာ...

"မှန်းစမ်း....ဆော့ဂျင်...ချွေးတွေထွက်နေတာလဲအများကြီးပဲ...အခုခနလေးခုံပေါ်ကိုခေါင်းလေးတင်ပြီးအိပ်နေအုံး...ငါဆရာမကိုသွား​ပြောပေးမယ်.."

"အွန်းးးးယွန်းဂီ...မြန်မြန်ပြန်လာခဲ့နော်..."

ထို့နောက်ယွန်းဂီလည်းဆော့ဂျင်၏ဆော့ဂျင်၏ခေါင်းလေးအားအသာပုတ်ကာ..ဆရာအားခွင့်တိုင်ရန်ထွက်သွားလေတော့သည်...။

"ထိကရုံးပင်လေး... ရှူးရှူး...ထိကရုံးပင်လေး..."

ဆော့ဂျင်တစ်ယောက်ခေါင်းလေးမှောက်ပြီးအိပ်နေချိန်၌သူ့နားထဲ၌...ရှူး..ရှူး..ရှူး..နှင့်သူ့အားခေါ်​ေနသံလိုလိုကြားလိုက်ရသောကြောင့်..မျက်လုံးလေးအားမဆိုစလောက်ဖွင့်ကာအသံကြားရာဘက်သို့ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်လေသည်....

သို့သော်မြင်လိုက်ရသည်ကနှာခေါင်းပွပွတစ်ခု...ရုတ်တရက်ဆိုတော့ထိတ်လန့်သွားခဲ့ပေမယ့်....သေချာကြည့်လိုက်မှ....ဂျွန်ဂျောင်ကုဖြစ်နေသည်...ေနလို့မကောင်းပါဘူးဆို...လူဆိုးကောင်က တစ်မှောင့်
ထိုလူဆိုးကောက်အားဂရုစိုက်မနေပဲအိပ်မြဲတိုက်းသာဆက်အိပ်နေလိုက်သည်...

"ကိုယ်နမ်းလိုက်လို့လန့်သွားတာလား...ထိကရုံးပင်လေးက.."

ဂျောင်ဂုကသာစကားများပြောနေနခဲ့ပေမယ့်....အိပ်နေသည့်ကောင်လေးမှာသူ့အားဂရုမစိုက်ပဲခုံပေါ်တွင်ခေါင်း​ စောင်းကာဆက်အိပ်နေသည့်ကောင်လေးကြောင့်...ထိုကောင်လေးအား...အသဲတွေယားနေသည်မှာပြောမပြနိုင်လောက်အောင်......
.ခုံပေါ်တွင်ခေါင်းလေးအားသူ့ဘက်သို့စောင်းအိပ်နေသောကောင်လေးအားကြည့်ကာ...စချင်လာသည့်အတွက်ကြောင့်...
ပါးနှစ်ခုကြားထဲတွင်..အစ်ထွက်နေသောနှုတ်ခမ်းလေးအားဖွဖွလေးဆွဲလိုက်မိသည်...

My sensitive plant (Completed)Where stories live. Discover now