7 [plan1_ထိကရုန်းပင်လေးအားအိမ်ပြန်လိုက်ပို့ခွင့်]

1.6K 169 51
                                    

ဂျောင်ဂုတစ်ယောက်မနက်ခင်းအချိန်ပိုင်းအလုပ်ပြီးသည်နှင့်ကျောင်းသို့အပြေးနှင်လိုက်လေသည်

အတန်းထဲရောက်လို့ အမြဲ​ ကြည့်နေကြနေရာလေးအားကြည့်လိုက်လေတော့ ထိကရုန်းပင်လေး ဟာ မင်ယွန်းဂီ၏ပုခုံးပေါ်သို့ခေါင်းလေးမှီကာ လက်ထဲရှိပေါင်မုန့်လေးအားတမြုံမြုံနှင့်ဝါးစားနေလေသည်၊

မျက်လုံးထောင့်စွန်းလေးမှထိုကောင်လေးအားခိုးကြည့်၍သာ သူ့နေရာသို့ခပ်တည်တည်လျှောက်သွားလိုက်သည်။

သူမြင်လိုက်ပါသေးသည် ထိကရုန်းပင်လေးကသူ့အားကြည့်နေသည်ကို

သူက လျစ်လျူရှုထားတော့ဝမ်းနည်းနေတယ်နဲ့တူတယ်

ကိုကို က အစီအစဥ်ရှိလို့ ကလေးကို စကားမပြောတာပါကွာ၊

ကိုကို့ ကို အရမ်းလွမ်းနေတာလားထိကရုန်းပင်လေးရယ်

ဒါပေမဲ့ သိပ်စိတ်မပူပါနဲ့ ကိုကိုက မင်းလေးကို စကားပြန်ပြောတော့မှာပါ အဟစ်

"ဂျောင်ဂု"

သူ၏ထိုင်ခုံရှိရာ အနောက်နားသိူ့သွားနေတုန်း
သူ့နာမည်ခေါ်သံကြားလိုက်ရသောကြောင့်လှည့်ကြည့်လိုက်လေတော့ အခန်းထဲမှ ခပ်သွက်သွက်ကောင်မလေး ယွန်မီ

"အွန်း..ပြောလေ"

သူ့ဘက်က စကားစပေးနေသည်အားလည်းဘာမှမပြောပဲ စပ်ဖြီးဖြီးနဲ့ ကြည့်နေသည်ကြောင့် ခေါင်းအသာခါကာထွက်လာခဲ့လိုက်သည်၊

ဘယ်လိုမိန်းကလေးလဲ မသိ

သူ့ထိုင်ခုံနေရာသို့ရောက်သောအခါ၌လည်း သူ့ရှေ့ခုံ၌ထိုင်သောစာဂျပိုးမှ သူ့အားပြူးကြောင်ကြောင်ကြည့်နေလေသည်...

သူတစ်ချက်မေးငေါ့ပြလေတော့ခေါင်းခါပြကာပြည့်လှည့်သွားလေသည်၊

ဘာတွေလဲဟ

သူ့ထိုင်ခုံနေရာသို့ရောက်သည့်တိုင်အောင် အကုန်လုံးက သူ့အားကြည့်ကာ ပြုံးစိစိနဲ့

ထိကရုန်းပင်လေး နှင့် မင်ယွန်းဂီ ကတောင်သူ့အားပြုံးစိစိနှင့်ကြည့်နေလေသည်၊

ဘာတွေဖြစ်နေလို့ပါလိမ့်

ဒါတွေထားပါ.. ပြုံးတုံ့တုံ့လေးဖြစ်နေသည့်ကောင်လေး၏မျက်နှာအား မေးထောက်ကာ တစိမ့်စိမ့်ငေးကြည့်နေလိုက်သည်၊

My sensitive plant (Completed)Where stories live. Discover now