15[END]

1.7K 153 73
                                    

ယွန်းဂီမှာဆော့ဂျင်အားခေါ်လာပြီးသည်အထိ ဆော့ဂျင်ကမျက်လုံးအပြူးသားလေးနှင့်အူလည်လည်ဖြစ်နေဆဲ

ကားထဲရောက်သည်အထိ မျက်မှောင်ကိုကြုံံထားကာ အတွေးတွေထဲနစ်မြောနေဟန်

"ယွန်းဂီ"

မကြာပါ ထွက်လာသည့်အသံလေး

" ပြော "

" အဲ့အဒေါ်ကြီးက ဘာလို့မင်းကိုကြောက်တာလဲ "

"ဒါက သူ့နိုင်ကွက်ငါ့ဆီမှာရှိနေလို့ပေါ့ ဝက်ပေါက်ရဲ့"

" အဲ့ဒါ​ကြောင့် မင်းနိုင်ကွက်ကို မေးနေတာလေ"

"ဟာ....မင်းနားမလည်ပါဘူး"

"ပြောမှာလား ၊မပြောဘူးလား "

"ဒီလိုကွာ ငါက ငါ့အဖေရဲ့အလုပ်တွေကိုကူလုပ်ပေးနေရတာ မင်းသိတယ်မလား..
အဲ့ဒါ အဖေ့ရဲ့လုပ်ငန်းခွဲတွေကိုငါ ကိုင်ရတယ်ကွာ ၊အဖေ့ရဲ့ကာစီနို ကိုလည်းအဖေကငါ့ကိုလက်လွှဲထားတယ်ကွာ၊ အဲ့မှာ ငါတို့ ရုံမှာ အကြွေးထူနေတဲ့လူတွေရဲ့မှတ်တမ်းကိုကြည့်ရင်း အဲ့ဘွားတော်မှန်းသိသွားတာ၊ သူကသူပိုင်တဲ့ဆိုင်ခန်းတွေကိုအပေါင်ထားတော့ ငါလည်းအစက သူလို့ထင်မိပေမယ့် လူမှားတာနေမှာလို့ပဲတွေးနေတာကွ၊ အခုမှ သူ့မျက်နှာကိုတွေ့တော့ အကြွေးထဲမြုပ်နေတဲ့ဘွားတော် မှန်းသိသွားတာ"

"အော့.....အဲ့တော့ မင်းက အဲ့အဒေါ်ကြီးကိုငါ့အစား ဖြဲပစ်တယ်ပေါ့"

"ဒါပေါ့။ မင်းငါ့ကိုကျေးဇူးတင်သင့်တယ် မင်းအစားအရှုပ်ထုပ်ကိုရှင်းပေးတာ"

"အူးးးဝါး...မကောင်းတဲ့ကောင် ငါကလူမိုက်လုပ်ကြည့်ချင်လို့ပါဆို ဒီလိုမှန်းသိ အဲ့တုန်းကမင်းကိုအကျယ်ကြီးလှမ်းမခေါ်ပါဘူး... အရူးကောင် "

"အံမယ်...မင်းကိုလည်းကူညီရသေးတာကို...ဝက်ကောင် ကျေးဇူးမတင် ဖင်လှန်ပြနေတာ"

"ဘယ်မှာလဲ ၊ ငါဘယ်မှာဖင်လှန်ပြနေလို့လဲ ၊ ဒီမယ်တွေ့လားဘောင်းဘီကြီး "

ဆော့ဂျင်မှာနှုတ်ခမ်းဖူးဖူးလေးအားဆူချိတ်ပြီး ယွန်းဂီအားတစ်ခွန်းမခံပြန်ပြောနေလေသည်

"မင်း...မင်း..ဘာကောင်လေးမှန်းကိုမသိဘူး "

"ဂျွန်ဂျောင်ဂုရဲ့ထိကရုန်းပင်လေးလေ မသိရင်မှတ်ထား ".

My sensitive plant (Completed)Where stories live. Discover now