14

1.2K 165 69
                                    

ဆော့ဂျင်တစ်ယောက် မနက်ကတည်းက တမှိုင်မှိုင်တထွေထွေဖြစ်ကာ သက်ပြင်းများချနေသောကြောင့် ယွန်းဂီစိတ်ပူနေလေပြီ ။

ဒီကသူ့ဆီခနလေးလာပါတယ် ဒင်းလေးကသက်ပြင်းချလို့မပြီးနိုင်

"ဝက်ပေါက်....မင်းဘာဖြစ်နေတာလဲ"

"ဟင့်အင်း~~~"

"ဘာဖြစ်နေလဲ ပြောစမ်းဆော့ဂျင်ရယ် ၊ လင်ပစ်သွားသလိုပဲမှိုင်တွေနေတာ"

"အင့်ဟာ..အင့်.အင့်..ပါးစပ်ကမဟုတ်ကဟုတ်ကပြောချင်အုံး"

ဆော့ဂျင်မှာယွန်းဂီ၏နောက်ကျောအားအံကြိတ်ကာ တအင့်အင့်နှင့်ထုနေသည်။

"အ..လွှတ်စမ်း..လွှတ်..ငါနာတယ်ဟ"

"နောက်တခါပြောရဲပြောကြည့်အဲ့ပါးစပ်ပုတ်ကြီးကို ဆဲွဖြဲပစ်မှာ အရူးကောင်"

"ကဲ...နောက်မှဖြဲ...မင်း.မစားနိုင်မသောက်နိုင်နဲ့ဘာဖြစ်နေလဲသာ အရင်ပြော"

သူကအသံမြှင့်ကာပြောလိုက်တော့လည်း သကောင့်သားက ခေါင်းတစ်စတ်စတ် ငြိမ့်ပြရှာသည်

"ယွန်းဂီ...ငါလေ မနေ့ က ဂျောင်ဂုမေမေနဲ့သွားတွေ့တယ်သိလား"

"ယောက်ခမနဲ့အဆင်မပြေခဲ့လို့လား"

"ဘယ်ကသာ...ပေါက်ကရတွေလျှောက်မပြောနဲ့ငါပြောတာပဲနားထောင်လို့!"

"ငါနားထောင်နေတယ်ဆက်ပြော"

"အဲ့ဒါလေ..... ဂျောင်ဂုမေမေဆီကိုသွားတော့ကွာ...မိတ်ကပ်တွေထူပိန်းနေတဲ့အဒေါ်ကြီးတစ်ယောက်နဲ့တွေ့တယ်ကွာ၊  အဲ့အဒေါ်ကြီးက ဂျောင်ဂုလက်ကိုလည်းအတင်းကြီးကိုင်ထားသေးတယ်၊ ဂျောင်ဂုကိုကြည့်ရတာလည်းစိတ်ရှုပ်နေတဲ့ပုံစံမျိုးနဲ့ကွာ၊"

"ပြီးတော့..ငါ့ကိုလည်းမိမဆုံးမ ဖမဆုံးမလေးလို့လည်းပြောသေးတယ်။ ေဂျာင်ဂုမေမေကလည်း မျက်နှာမကောင်းတဲ့အပြင် ငိုလည်းငိုနေတာ...၊အကြွေးကိတ်စလို့တော့ပြောတယ်၊

ငါထင်တာမမှားဘူးဆို.... ဂျောင်ဂုရဲ့မေမေက အဲ့အဒေါ်ကြီးဆီအကြွေးတင်နေတာနေမှာ၊ အဲ့ဒါပြီး တော့ အဲ့အဒေါ်ကြီးက ဂျောင်ဂုကိုအကြွေးနဲ့သိမ်းချင်နေတာလားမသိဘူး"

My sensitive plant (Completed)Where stories live. Discover now