13

1.3K 155 86
                                    

ဆော့ဂျင်အဖေနှင့်တွေ့ပြီးသည့်နောက်ပိုင်းဂျောင်ဂုသည် ဆော့ဂျင်၏အိမ်၌ပါ တရားဝင်ဝင်ထွက်လာနိုင်ခဲ့သည်

တချို့ရက်များတွင်ဆို လျှင် ဆော့ဂျင်၏အိမ်၌ညအိပ်ရသည့်ရက်များပင်ရှိသည်။

ယနေ့မှာတော့ဂျောင်ဂုတစ်ယောက်ဆော့ဂျင်အား သူ၏အမေနှင့်တရားဝင်မိတ်ဆက်ပေးမည်ဖြစ်သည်

အမေ့သမက်အူကြူးလေးကိုအမေနှင့်မိတ်ဆက်ပေးရန်မစောင့်နိုင်တော့

အခုလည်းဆော့ဂျင်အားခေါ်ကာ သူ၏အိမ်သို့သွားနေသည့်လမ်း၌ဖြစ်သည်

နံဘေးရှိကောင်လေးမှာတော့ မည်သည့်စကားမှမဆိုပဲလက်ဖျားလေးများအေးဆက်လျက်လိုက်ပါလာလေသည်

"အရမ်းကြီးစိတ်မလှုပ်ရှားနဲ့နော် ထိကရုန်းပင်လေး"

"မသိဘူး... ရုတ်တရက် ကြီးစိတ်လှုပ်ရှားလာသလိုပဲ"

"ကိုကို့ပူတူးက ဒီလောက်ချစ်ဖို့ကောင်းတာ ဘယ်လူကြီးမှဒီ ပေါက်စလေးကို မချစ်ဘဲနေမှာမဟုတ်ဘူး"

"ဂျောင်ဂုမေမေ က ငါ့ကိုရိုက်မှာလား"

"ဂျွန်ဂျောင်ဂုရဲ့အဖိုးတန်လေးကိုရိုက်စရာလား...လျှောက်မတွေးနဲ့နော် ကိုယ့်အသဲလေး "

"ဟုတ်"

ဟုတ်ဟုပြောကာ သူ့ရင်ခွင်ထဲသို့တိုးဝင်လာသည့် ကိုယ်လုံးအိအိလေးအားဖျစ်ညှစ်ပွေ့ဖက်မိသည်၊

ကောင်လေးကသာကြောက်နေတာ ၊သူက ကောင်လေးနဲ့မတွဲခင်ကတည်းက အမေ့ကိုဖိကရုန်းပင်လေးက ဘယ်လိုချစ်စရာကောင်းကြောင့်၊ဘယ်လိုလေးပြောတတ်ကြောင်း ၊ အချွဲလေးဖြစ်ကြောင်းအကုန်ပြောထားသဘ့်အပြင်ထိကရုန်းပင်လေး၏ဓာတ်ပုံလေးအားပင်မေမေ့အားပြထားခဲ့သည် ။

ဒါအမေ့သမက်ဆိုပီးလေ။

အမေကလည်းထိကရုန်းပင်လေးအားဘယ်နေ့ခေါ်လာမည်နည်းဟုသူ့အားမေးနေသည်မှတ တွတ်တွတ်...အခုတော့သူကအမေ့လည်းအသိမပေးပဲ စပရိုက်ဖြစ်သွားအောင်
အမေနှင့်ထိကရုန်းပင်လေးအားမိတ်ဆက်ပေးရန်သူ့ညီမနှင့်လက်ဝါးချင်းရိုက်ထားချင်းပင်

My sensitive plant (Completed)Where stories live. Discover now