8[plan2_သူငယ်ချင်းဖြစ်ရအောင်]

1.4K 159 61
                                    

"ဂျောင်ဂု"

လာပါပြီ လာပါပြီ သူကြားချင်တဲ့အသံချိုချိုလေး အဟိ

ထိကရုန်းပင်လေး နှင့်သူ၏အခြေအနေသည် အရင်လိုတကျက်ကျက်နှင့် မဟုတ်တော့

ကောင်လေးက ကျောင်းဆင်းသည့်အချိန် အိမ်ကလာမကြိုသည့်အချိန်များဆိုလျှင် သူ့အနားသို့ကုတ်ကုတ်လေးရောက်လာကာ

ပြန်လိုက်ပို့ခိုင်းလေသည် သူကလည်းဒါမျိုးဆို လုံးဝမငြင်း ၊ ငြင်းလိုက်ရင်ဂျွန်ဂျောင်ဂုပီသလေတော့မလား အဟစ်

"ပြောလေထိကရုန်းပင်လေး"

"အိမ်ပြန်လိုက်ပို့နော် ဒယ်ဒီနဲ့မာမီ က အလုပ်တွေရှုပ်နေလို့တဲ့ နော် နော် "

အာ ချစ်စရာလေးကွာ နှုတ်ခမ်းလေးတဆူဆူနဲ့ နော် နော် လို့ပြောနေပုံလေးက ဆွဲဆက်ကိုက်ပစ်ချင်စရာ

ကိုယ်ကလည်းထိကရုန်းပင်လေးကိုအိမ်ပြန်လိုက်ပို့ချင်တာပါ

" လိုက်ပို့မယ်လေ "

"ဟီးဟီး"

ထိကရုန်းပင်လေးက သူ့အား သွားစိရယ်ပြကာ သူ့အရှေ့မှ လှုပ်တုပ်လှုပ်တုပ်နှင့်သွားနေသည် တကယ်လှုပ်နေတာ ၊တုန်လည်းတုန်နေသေး ကိုင်လိုက်ရင်တော့ အိများအိမလား

စိတ်ထိန်းဂျောင်ဂု စိတ်ထိန်း

"ဂျောင်ဂုလာလေ "

"မက်မွန်သီး "

"ဟင် ဂျောင်ဂု ဘာကိုပြောတာ "

ဟင်သူဘာတွေပြောလိုက်တာလဲ

"အော် ကိုယ့်အမေက လေ အိမ်မှာမက်မွန်သီးဝယ်ခဲ့အုံးဆိုလို့"

"ဟုတ်ကဲ့ဂျောင်ဂု သွားရအောင်လေ ဂျောင်ဂုကရပ်ပဲရပ်နေတာ "

"မက်မွန်သီးကြည့်နေတာ"

"ဗျာ မက်မွန်သီး ကဘယ်မှာလဲ"

"မှားလို့ မက်မွန်သီး ကိုဘယ်လိုဝယ်ရင်ကောင်းမလဲစဥ်းစားနေတာ"

"ေအာ်ဟုတ်ကဲ့"

"သွားရအောင်လေဆော့ဂျင် ကိုယ်စက်ဘီးထုပ်ခဲ့မယ်ကျောင်းရှေ့မှာစောင့်နေနော် "

သူ့အားခေါင်းလေးအသာငြိမ့်ပြကာ လှည့်ထွက်သွားသည့်ကောင်လေး

My sensitive plant (Completed)Where stories live. Discover now