5

1.5K 192 67
                                    

"ယွန်းဂီ ကိုမခေါ်ဘူး"

"ဘာဖြစ်လို့"

"ငါကတော့ ထင်နေခဲ့တာ..မင်းကများဂျွန်ဂျောင်ဂုကိုဒဲ့ဖြဲမလားလို့လေ...အခုတော့ အားကိုးမရဘူး၊ အမြဲတမ်းအာလူးကြောက်လိုချေနေတဲ့ မင်ယွန်းဂီ က ဘယ်ရောက်သွားတာလဲ"

တကယ်ပါ သူ့မှာဖြင့်သူ့သူငယ်ချင်းလေးအားကိုရမလားလို့တိုင်မိပါရဲ့၊ဒင်းကတော့ဖြင့်ဟိုယုန်ကောင်ကိုသွားတောက်ဖြီးပြလိုက်သေး၊တော်တော်အားကိုးရတဲ့ကောင်

"မင်းရဲ့ ယုန်သွားက ဗလလေ ငါက သူ့တစ်ချက်လုပ်ရင် သူကဘငါ့ကိုဆယ်ချက်လောက်ပြန်ထောင်းမှာပေါ့"

."မင်ယွန်းဂီ အဖိုးကြီး အလကားနေရင်းကြောက်နေတယ် သွားမင်းကိုမခေါ်ဘူး"

"အေးမခေါ်နဲ့ ၊ အခုတော့အိပ်လိုက်အုံး၊နေမကောင်းဖြစ်နေတာကိုတောင်စွာတေးလန်နိုင်လွန်းတယ်".

"အိပ်မှာ မနက်ဖြန်ငါ့ကိုလာမခေါ်နဲ့သိလား၊ "

"အိပ်မှာဖြင့်အိပ်တော့ ၊ငါဆန်ပြုတ်ပြုတ်ပေးမယ်".

"ဆန်ပြုတ်မစားချင်ဘူး"

"မရဘူး စားရမယ်"

"မစားဘူးကွာ"

"စားရမယ် ဝက်ပေါက် "

"ဟာ..အဖိုးကြီး လုပ်ချင်တာသာလုပ်တော့သွား"

"လှဲနေတော့ ဝက်ပေါက် ခေါင်းကိုက်မယ်"

"ဟွန့်ပြီးတာပဲ"

....

ဂျောင်ဂုတစ်ယောက် အချိန်ပိုင်းအလုပ်မှ အပြန် သူ့အမေ၏ဖက်ထုပ်ဆိုင်လေးသို့သာသွားလိုက်လေသည်၊
သူတို့၏
ဆိုင်လေးမှာ အပေါ်ထပ်၌ သူတို့မိသားစုတေထိုင်ရန်ထပ်ခိုးထပ်လေးပါရှိသေးသည်...
အဖေရှိစဥ်အခါကတော့အိမ်ငှား၍နေပေမဲ့
အဖေဆုံးသွားပြီးသည့်နောက်အိမ်အားပြန်အပ်ကာ ထိုထပ်ခိုးထပ်လေး၌သာပြောင်းရွှေ့နေထိုင်ခဲ့လေသည်

​​ေဂျာင်ဂု​ ဆိုင်အရှေ့အရောက်သူမြင်လိုက်ရသည်က အမေ့ရဲ့ အကြွေးရှင် အမကြီးအဲ့ဒီ အမကြီးရဲ့အရှေ့မှာ အမေနှင့် ညီမလေးက ကျုံ့ကျုံ့လေးထိုင်နေလေသည်။

My sensitive plant (Completed)Where stories live. Discover now