~ For Unicode ~
ပန်းချီဆိုတာ ဘယ်လိုမျိုးလဲ...? ပန်းချီကိုရေးဆွဲတဲ့သူနဲ့ ပန်းချီကို ကိုယ်တိုင်မဆွဲပဲ ခံစားပြီးကြည့်ကြတဲ့သူနဲ့ သူတို့ခံယူချက်က ဘယ္လိုမ်ား ကွာခြားကြလဲ...?
" ပတ်ဂျောင်းဝူ မင်းဒီပန်းချီကိုပဲ အမြဲလာလာကြည့်နေတာ မငြီးငွေ့ဘူးလား "
" မငြီးငွေ့ပါဘူး ဒီပန်းချီထဲကလူရဲ့မျက်နှာကို သေချာမမြင်ရပေမဲ့ သူဘယ္လိုပုံရွိတယ္ဆိုတာကို ငါခံစားမိတယ် "
"အေးပါကွာ ငါ့လိုဘာမှမကြည့်တက်တဲ့သူက မင်းလိုသေချာခံစားပြီးကြည့်နေတဲ့သူကို မယှဉ်နိုင်ပါဘူးကွာ "
ကျွန်တော့်လက်မောင်းကို အားမပါဘဲ လက်သီးနဲ့ထိုးပြီး လာပြောတဲ့ ငယ်သူငယ်ချင်းလေးပေါ့ ငယ်ငယ်လေးကတည်းက ရင်းနှီးလာကြတော့ သူ့မှာလည်း ကျွန်တော်ဆိုးသမျှခံပေးရှာတယ်လေ။
" ဒါနဲ့ ယောင်းအူ ဒီပန်းချီကို ဆြဲတဲ့သူကို သိချင်လိုက်တာ ဘာလို့များ သူဆွဲတဲ့ပန်းချီက ငါ့ကိုဒီလောက်တောင်ဆွဲဆောင်နေရတာလဲလို့ "
" ဒါက ဂျိုဆွန်းခေတ်ကတည်းက ပန်းချီလေ ပန်းချီဆရာက ခုဘယ်နှစ်ဘဝတောင် ကူးပြီးနေပြီလဲ "
" ဟုတ်တော့ဟုတ်ပါတယ်ကွာ ဒါပေမဲ့သိချင်တယ် "
" အရူး သွားမယ် ငါဗိုက်ဆာနေပြီ "
တောင်ကမ်းပါးပေါ်မှာ တွေရီစွာကြည့်နေတဲ့ သူကို အနောက်ကနေ ဓာတ်ပုံဖမ်းရိုက်ယူထားသည့်အလား လှပသေသပ်လွန်းတဲ့ ဒီပန်းချီကားလေးကို ဂျောင်ဝူးက အမြဲတစေလာကြည့်လေ့ရှိတယ်။
ပြတိုက်ထဲမှာ ကျန်ခဲ့တဲ့ ရှေးဟောင်းပန်းချီလေးကတော့ ပိုင်ရှင်ကို စောင့်နေသတဲ့...။
° ° ° ° ° °
" ကိုကိုရေ ဘာလုပ်နေလဲဟင် "
အခန်းတံခါးဖွင့်ပြီး ခေါင်းလေးအရင်အခန်းထဲကိုကြည့်ပြီး ကျွန်တော့်ကိုခေါ်လာတဲ့ ညီမေလး။
" ကိုကို ပန်းချီဆွဲနေတာပါ ညီမလေးရဲ့ ဘာလို့လဲ "
" ဘာမှမဟုတ်ပါဘူး ခုကိုကိုက တက္ကသိုလ် တတိယနှစ်ပေါ့နော် "
YOU ARE READING
Flying On My Soul (Uni + Zaw) /Complete/
Fanfictionပန်းပွင့်အနီလေးပေါ်ကို အဖြူရောင်လိပ်ပြာလေးက ပျံဝဲလာတယ်...။ ပန်းပွင့်အနီရောင်လေးပေါ်ကို အဖြူရောင် လိပ်ပြာလေးက ပျံဝဲလာတယ်...။ Yoon Jaehyuk & Park Jeongwoo