Chapter Seven

204 37 6
                                    

~ For Unicode ~

မဲမှောင်နေတဲ့ တိမ်တိုက်တွေနဲ့ နွေးထွေးညင်သာမှုမရှိတဲ့ လေအေးတွေရယ်...။

" မေမေ မိုးရွာနေတာကို အဝတ်တွေက လျှော်အုံးမလို့လား "

" မေမေ့ခံစားချက်ကို သားမသိပါဘူး..မေမေက လျှော်စရာအဝတ်လေးနည်းနည်းရှိရင်တောင် လျှော်လိုက်ရမှ ကျေနပ်တာ "

" ဟုတ်ပါပြီ မေမေရဲ့ "

အိမ်ကမေမေကတော့ အဲ့တိုင်းပဲ မိုးအေးပါတယ်ဆို။ မိုးရွာရင် ကျွန်တော်ကတော့ စောင်ထဲ နှပ်နေရမှ ကျေနပ်တာ ခုလည်း အိပ်လိုက်ပါအုံးမယ် ဟီး။

' မင်းက မိုးရွာတာကို သဘောကျတာလား '

' ဟုတ်တယ် မိုးစက်လေးတွေ မြေပြင်ပေါ်ကို ကျလာတာလေးကို သဘောကျတယ် လက်လေးနဲ့ ကျလာတဲ့မိုးစက်​ကို ထိတွေ့ရတာလည်း သဘောကျတယ် '

' အကိုကတော့ မိုးကိုသိပ်သဘောမကျဘူး '

ဒေါက်! ဒေါက်! ဒေါက်!

တံခါးခေါက်သံကြောင့် ဂျောင်ဝူးအိပ်နေရာမှနိုးလာခဲ့သည်။

" သားရေ အောက်မှာသူငယ်ချင်းတွေရောက်နေတယ်နော် "

" ဟုတ် မေမေ "

ယောင်းအူတို့ပဲနေမှာ ဒီကောင်တွေကလည်း မိုးအေးနေတာကို ဘာလို့ရောက်လာတာလဲ။

° ° °

မိုးအေးအေးနဲ့ ဂျောင်ဝူးတို့သူငယ်ချင်းတစ်သိုက် ဆိုင်တစ်ဆိုင်ကို ရောက်နေကြခြင်းပင်။

" အေးနော် ယောင်းအူမင်းကျွေးမယ်ဆိုလို့ ငါလိုက်လာတာ ပြီးမှပိုက်ဆံမရှင်းဘဲ ထွက်မပြေးနဲ့ "

" အေးပါ သားကြီးရာ စားစမ်းပါ ဒါနဲ့မေးအုံးမယ် ေစာစောက ငါတို့လာတုန်းက ပန်းဆိုင်ထဲဝင်သွားတာ မင်းအကိုကြီးဟုတ်တယ်မလား "

" အင်း ဟုတ်တယ် "

ယောင်းအူအမေးကိုပြန်ဖြေရင်း ဂျောင်ဝူးမှာ ခေါင်းငိုက်စိုက်ကျသွားသည်။

ဂျောင်ဝူးတို့ စားသောက်ဆိုင်လာနေရင်း ဟိုတစ်ခါသူ့ကိုလာမိတ်ဆက်တဲ့ပန်းဆိုင်ကအမျိုးသမီးကြီးနဲ့ ဂျယ်ဟျော့ဟျောင်းဆိုင်ထဲ ဝင်သွားတာကို တွေ့လိုက်ရသည်။

Flying On My Soul (Uni + Zaw) /Complete/Donde viven las historias. Descúbrelo ahora