Chapter Four

224 46 7
                                    

~ For Unicode ~

ပုံပြင်လေးတွေရှိတယ်..အရမ်းချစ်တဲ့ချစ်သူနှစ်ယောက် မပေါင်းဖက်ရရင် ကောင်းကင်ပေါ်မှာ ​အတောက်ပဆုံးကြယ်လေး နှစ်ပွင့်အဖြစ် အတူရှိနေတက်တယ်တဲ့...ဒီပုံပြင်မှာကျ ကောင်းကင်မှာ အတောက်ပဆုံး ကြယ်လေးတစ်ပွင့်ပဲ ရှိနေတယ်...။

" ဟျောင်းရေ ကျွန်တော်ပန်းချီပြိုင်ပွဲမှာ ပထမဆုရတယ် "

ယွန်းဟွာကိုစာသင်ပေးနေတုန်း အနားရောက်လာတဲ့ ငဂျစ်လေး။

" ဟုတ်လား တော်လိုက်တာ "

" အင်း ဟျောင်းကြောင့် ကျွန်တော်ဒီလိုပုံဆွဲနိုင်တာ ဒါကြောင့် မနက်ဖြန် ကျွန်တော် ဟျောင်းကို မုန့်လိုက်ကျွေးမယ်လေ "

" မရပါဘူး မနက်ဖြန် ယွန်းဟွာနဲ့ဆရာလေးက ကစားကွင်းသွားဒိတ်မို့ "

ဂျယ်ဟျော့ဘေးနားက ယွန်းဟွာက သူ့လက်ကိုလာဆွဲကာ ဂျောင်ဝူးကို ရန်တွေ့သည်။ ဟိုငဂျစ်လေးလည်း ဘယ်ခံမလဲ ပြန်ရန်တွေ့တာပေါ့ ကလေးကို။

" ဘာဒိတ်မှာလဲ နင်က လူကြီးလားဒိတ်ရအောင် မရပါဘူး မနက်ဖြန် ငါဂျယ်ဟျော့ဟျောင်းကို ခေါ်သွားမှာ "

" မရပါဘူး ယွန်းဟွာနဲ့ ဒိတ်မှာ "

ကလေးကြီးနဲ့ ကလေးငယ်ကြားမှာ ဟိုဘက်ဆွဲလိုက် ဒီဘက်ဆွဲလိုက်နဲ့ လှုပ်ယမ်းနေသူက ဂျယ်ဟျော့ပင်။

ငါကမုန့်ကြနေတာပဲ ကလေးတွေလုနေတာ ခံရတာ...

" တော်ကြပါတော့ မနက်ဖြန် နှစ်ယောက်လုံးနဲ့ ကစားကွင်းအတူသွားမယ် ဟုတ်ပြီလား "

" ယွန်းဟွာက ဆရာလေးနဲ့နှစ်ယောက်တည်း ဒိတ်ချင်တာကို "

ဒီကလေးမ ဘာဖြစ်နေတာလဲ ငါလုပ်လိုက်ရ။

" ကိုယ့်အကို ကို ခုတော့ပလစ်လိုက်ပြီပေါ့လေ ရတယ် မခေါ်တော့ဘူး သွားပြီ "

စိတ်ကောက်ချင်ယောင်ဆောင်ပြီး ထွက်သွားတဲ့ ဂျောင်ဝူး။ နေပါအုံး အငယ်က ဘယ်သူလဲ ၉နှစ်ပဲရှိသေးတဲ့ကလေးကို သူကပြန်စိတ်ကောက်နေတာလား။

ယွန်းဟွာကို စာသင်ပြီးတော့ ပြန်ခါနီး ဂျောင်ဝူးဆီခဏသွားလိုက်သည်။

Flying On My Soul (Uni + Zaw) /Complete/Where stories live. Discover now