Chapter Six

221 39 13
                                    

တိမ်ထူတဲ့နေ့တစ်ရက်ပေါ့...

" ဟျောင်း ကျွန်တော်နဲ့ဒိတ်ချင်တယ်ဆိုတဲ့ နေရာက ဒီနေရာလား "

" အင်းလေ လာသွားရအောင် "

ဒိတ်ချင်တယ်လို့ပြောလာတဲ့ဟျောင်းကြောင့် ဘာမှပြန်မပြောဖြစ်ဘဲ ခေါင်းသာဆက်တိုက်ငြိမ့်ပြပြီး လက်ခံမိလိုက်တယ်။ သူနဲ့ဘယ်ကိုသွားမှာလဲ ဘာလုပ်မှာလဲဆိုတာတွေကို တွေးရင်း ညမှာအိပ်မပျော်တောင် ဖြစ်ခဲ့ရတာ။

ခုတော့ ဒိတ်တဲ့နေရာလေးက မျက်မမြင်ကျောင်းလေးတစ်ခု...။

" အဒေါ် ကျွန်တော်လာတယ် "

" ဟင် ဂျယ်ဟျော့လေးပဲ လာ လာ ဒီကိုမလာတာ ကြာလှပေါ့ အဒေါ်ကမျှော်နေတာ "

" ဟုတ်တယ် ​ဒါက ကျွန်တော့်အသိညီလေးပါ "

" မင်္ဂလာပါ ပတ်ဂျောင်ဝူးပါခင်ဗျ "

" ဒါက ဒီကျောင်းရဲ့ အုပ်ချုပ်ရေးမှူးအဒေါ်လေ ဂျောင်ဝူး "

" ကဲ သားလေးတို့ နေ့လည်စာအရင်စားလိုက်ကြပါလား "

" ရပါတယ် အဒေါ်ရဲ့ ကျွန်တော်တို့အလုပ်လေးလုပ်ပေးပြီးမှပေါ့ ကျွန်တော်ဘာလုပ်ပေးရမလဲ "

" ဒီနေ့က ကျောင်းအရှေ့ဘက်မှာ အပင်တွေစိုက်တယ်လေ ကလေးတွေကတော့ ကစားနေကြပါတယ် အပင်ကိုသတ်လတ်ပိုင်းအရွယ်တွေက စိုက်နေကြတာ အဲ့ဒါလေး သွားကူညီပေးပေါ့ "

" ဟုတ်ကဲ့ပါခင်ဗျ "

အုပ်ချုပ်ရေးမှူးအဒေါ်ကို နှုတ်ဆက်ပြီး အပင်စိုက်တဲ့နေရာကို သူတို့ထွက်လာခဲ့ကြသည်။

" ဟျောင်း မျက်မမြင်တွေက အပင်စိုက်နိုင်ကြတယ်လား "

" ဒါပေါ့ ဂျောင်ဝူးရဲ့ မျက်မမြင်ဆိုတိုင်း သာမန်လူတွေလုပ်နိုင်တဲ့အရာကို မလုပ်နိုင်ဘူးလို့ မထင်ရဘူးလေ တစ်ခါတစ်လေ သူတို့က သာမန်လူတွေထက်တောင် ပိုတော်နေကြသေးတယ် ဘာလို့ဆို သူတို့က မျက်စိမမြင်တဲ့အတွက်ကြောင့် ပိုကြိုးစားကြတယ်လေ ငါလုပ်နိုင်ရမယ်ဆိုပြီး "

" ဪ...ကျွန်တော်နားလည်ပါပြီ ဟျောင်း "

ဟျောင်းက တစ်ကယ်ရင့်ကျက်တဲ့သူပဲ။ သူတစ်ပါးကိုနားလည်ပေးပြီး ကြင်နာတက်တယ်။ ဒါပေမဲ့ စောစောက ငါ့ကိုညီလေးလို့ မိတ်ဆက်ပေးတာ မကျေနပ်ဘူး။ သူပဲငါ့ကို အရင် ဒိတ်ရအောင်ပြောပြီး ဘာသဘောလဲ။

Flying On My Soul (Uni + Zaw) /Complete/Donde viven las historias. Descúbrelo ahora