Chapter Five

223 38 3
                                    

~ For Unicode ~

ကောင်းကင်ကိုငေးကြည့်လိုက်တဲ့အခါ အဲ့ဒါကကြယ်တွေဆိုတာကို မင်းကပြောပြပေးခဲ့တယ်...။

သူ့အနားမှာပဲနေစေချင်တယ်ဆိုပြီးပြောလာတဲ့ စကားကို ဂျယ်ဟျော့ဘာမှပြန်မတုံပြန်မိဘူး။ နေချင်တာပေါ့ ငါကမင်းအနားမှာ အမြဲတမ်း။

" ဂျောင်ဝူး ညနေငါတို့ ဂိမ်းဆိုင်သွားရအောင် "

ကျောင်းဆင်းတော့ အခန်းထဲကထွက်ရင်း ယောင်းအူ ပြောလိုက်သည်။

" ငါမလိုက်တော့ဘူး ယောင်းအူ ငါသွားစရာရှိသေးလို့ "

" ဘာလဲ မင်းအကိုကြီးနဲ့ သွားဒိတ်မို့လား "

" ဘာဒိတ်လဲ မဟုတ်ပါဘူး ဒီတိုင်း ဒီတိုင်း.."

ပြုံးစိစိနဲ့ခေါင်းကုတ်နေတဲ့သူကို ေယာင်းအူတစ်ယောက်ကြည့်မရတော့ပါ။ အဲ့တော့သူ့လက်က ဂျောင်ဝူးခေါင်းကို သွားရိုက်ချပလိုက်တော့တာပေါ့။

" အား..."

" နေ့တိုင်း မင်းကိုကြီး အကြောင်းပဲ ငါတို့ကိုလာလာပြောနေတာလေ မင်းကြွေနေပြီမဟုတ်လား ပြောစမ်း ပတ်ဂျောင်ဝူး "

" ငါ...ငါမပြောတက်ပေမဲ့...."

သူငယ်ချင်းရှေ့မှာတောင် ရှက်သွေးဖြာနေတဲ့ ဂျောင်ဝူးပါလေ။ ယွန်ဂျယ်ဟျော့ရှေ့မှာဆို သူဘယ်လိုများနေမလဲနော်။

" ငါအချစ်ဆိုတာကို သေချာမပြောပြတက်ပေမဲ့ ဂျယ်ဟျော့ဟျောင်းကိုတော့ ငါသဘောကျနေမိပြီထင်တယ် "

" အယ်..အယ်..ပတ်ဂျောင်ဝူးကြီးက အချစ်နဲ့တွေ့နေပြီဗျို့ "

အာဗြဲကြီးနဲ့ အော်နေတဲ့ယောင်းအူကို ဂျောင်ဝူးမှာ အလျင်အမြန်ပဲ ပါးစပ်ပြေးပိတ်လိုက်ရသည်။ ဒါတောင် မရမကအော်နေတုန်း။

" လျှောက်အော်မနေနဲ့ အရူးကောင်ရ "

လျှာထုတ်ပြပြီး ဂျောင်ဝူးလက်ထဲကနေပြေးသွားတဲ့ ယောင်းအူ။

ယောင်းအူထွက်သွားတော့ အနားရောက်လာတဲ့ အမျိုးသမီးတစ်ယောက်။

" ကျောင်းသားလေး အမ မင်းနဲ့စကားပြောချင်လို့ ရမလား "

ရုတ်တရက်ကြီး သူမသိတဲ့လူတစ်ယောက်က သူနဲ့စကားပြောချင်လို့ဆိုတော့ ဂျောင်ဝူးကြောင်သွားသည်။

Flying On My Soul (Uni + Zaw) /Complete/Onde histórias criam vida. Descubra agora