Chapter Eight

273 38 8
                                    

မိုးတွေ သဲသဲမဲမဲရွာနေတယ် ထီးကငါ့ကိုမိုးပေးထားပေမဲ့ အဆုံးမရှိသေးငယ်တဲ့ ငါ့ရဲ့ထီးလေး...။

ဂျိုဆွန်းခေတ် ~

" အကိုဂျယ်ဟျော့ "

ထန်းရွက်တွေနဲ့လုပ်ထားတဲ့ အမိုးလေးအောက်မှာ ရပ်နေတဲ့ဂျယ်ဟျော့နားကို အဝေးကနေ လက်ပြရင်း ဂျယ်ဟျော့နာမည်ကိုပါ အော်ခေါ်ကာ အနားရောက်လာသူ။

" ရောက်ပြီလား အိမ်ရှေ့စံမင်းသားလေး "

" ဟာ အကိုကလည်း အပြင်မှာဆိုကျွန်တော်က အိမ်ရှေ့စံမဟုတ်ပါဘူးဆို ဒီတိုင်းဂျောင်ဝူးလို့ပဲခေါ်ပါ "

" အိမ်ရှေ့စံမင်းသားကို ဒီလိုမျိုး မခေါ်ဝံ့ပါဘူး "

" အကိုကလည်း ကျွန်တော်တို့ရင်းနှီးလာတာပဲ ကြာလှပြီ စမနေပါနဲ့တော့ သွားရအောင် "

" ဟုတ်ပါပြီ သွားရအောင် "

ဂျောင်ဝူး ဂျယ်ဟျော့နဲ့ တွေ့ပြီးနောက်ပိုင်း မကြာခဏနန်းတော်အပြင်ထွက်ကာ ဂျယ်ဟျော့ကို လာတွေ့လေ့ရှိသည်။ အကြောင်းပြချက်ကတော့ ရေရေရာရာမရှိ ပန်းချီဆွဲချင်လို့ဆိုသော အကြောင်းပြချက်နဲ့ နန်းတော်အပြင်ကို ထွက်လာခြင်းသာ။

သစ်ပင်ကြီးတွေအလယ်က သဲလမ်းလေးပေါ်မှာ ဘေးချင်းယှဥ်လျက်သွားနေကြသည်။

" ဂျောင်ဝူးက နန်းတော်အပြင် ခဏခဏထွက်တော့ အကိုတော်မင်းကြီးက မဆူဘူးလား "

" သူက ကျွန်တော့်အကြောင်း အဲ့လောက်စိတ်မဝင်စားပါဘူး ဒါပေမဲ့ ဟိုတစ်နေ့ကတော့ ခေါ်တွေ့ပြီး အပြင်ခဏခဏထွက်တဲ့အကြောင်းနဲ့ ပန်းချီပဲဆွဲဖို့ မှာကြားလိုက်သေးတယ် "

" မင်းကြီးက မင်းကိုစိတ်ပူလို့နေမှာပါ "

" ပူရအောင် သူ့ထီးနန်းကိုပဲပူမှာ သူက "

ရုတ်တရက်ရွာချလာတဲ့ မိုးစက်တွေ။

" ဂျောင်ဝူးလာ ဒီမှာမိုးခိုရအောင် "

သစ်ပင်အကိုင်းအခတ်များစွာနဲ့ အုပ်မိုးနေတဲ့အပင်ကြီးအောက်မှာ သူတို့မိုးဝင်ခိုလိုက်သည်။ အလုံးစုံ မိုးကနေမကာကွယ်ပေးနိုင်ပေမဲ့ နည်းနည်းတော့ မိုးစိုဒဏ်ကို ကာကွယ်ပေးနိုင်သည်လေ။

Flying On My Soul (Uni + Zaw) /Complete/Donde viven las historias. Descúbrelo ahora