ပန်းပွင့်အနီလေးပေါ်ကို ပျံသန်းလာတဲ့ လိပ်ပြာငယ်လေးတစ်ကောင်...။
" ခင်ဗျား ဘာကိုပြောပြချင်နေတာလဲ "
ညနေခင်း ဝယ်သူလည်းမရှိတော့တဲ့ ပန်းဆိုင်ထဲမှာ ဂျောင်ဝူးနဲ့ ပန်းဆိုင်ပိုင်ရှင်ဆိုသော အမျိုးသမီး မဟုတ်ဘူး ဒီအမျိုးသမီးလည်း လူမဟုတ်ဘူးပဲ။
" ကျွန်တော့်ကို ဒီအကြောင်းအရာတွေ မြင်အောင်ပြပြီး ဘာဖြစ်စေချင်တာလဲ "
" ဘာလို့လဲဆိုတော့ ယွန်ဂျယ်ဟျော့က မင်းအနားမှာနေရင် မကြာခင်ပျောက်ကွယ်သွားမှာ မို့လို့ပဲ "
ဘာစကားမှ မဆိုနိုင်ဘဲ အံဩခြင်းများစွာနဲ့သာ။
" ဟုတ်တယ် သူ့အရှေ့မှာ ရက်ရက်စက်စက် သတ်ခံလိုက်ရတဲ့ မင်းကြောင့် သူ့မှာ ဖြတ်မရတဲ့ အငြိုးအတေးတွေရှိလာခဲ့တာ သူကအဲ့ဒီစိတ်ကြောင့်ပဲ မကျွတ်နိုင်တဲ့ မကောင်းဆိုးဝါးဖြစ်လာခဲ့တာ "
မကောင်းဆိုးဝါး..ဟျောင်းကလေ...။
" မင်းကိုသတ်ခဲ့တဲ့သူတွေ အဲ့လူတွေကို သူကရက်ရက်စက်စက် ပြန်သတ်ခဲ့လို့ မင်းနဲ့ဘယ်တော့မှ နီးစပ်လို့မရတဲ့ အခြေအနေထိရောက်ခဲ့တယ် "
ထိုအမျိုးသမီးပြောနေသော စကားတွေကို ကြားတစ်ချက် မကြားတစ်ချက်သာ။
" ငါမင်းနားမှာ မနေဖို့ပြောခဲ့ပေမဲ့ သူပျောက်ကွယ်သွားရမယ်ဆိုရင်တောင် မင်းနားမှာပဲ နေချင်တယ် တဲ့ "
ဒါဆို ဟိုတစ်ခါမြင်လိုက်ရတာတွေက ဟျောင်းက ပျောက်ကွယ်သွားတော့မယ်လို့ ဆိုလိုတာလား။
" ဒီအကြောင်းတွေကို မင်းလည်းသိသင့်တယ်ထင်လို့ ကျန်တာကတော့ မင်းတို့ဆုံးဖြတ်ချက်ပါ "
° ° °
ဒီတစ်ခါလည်း မျက်ရည်တွေနဲ့ ဂျောင်ဝူးအိမ်မက်ကနေ နိုးထလာခဲ့ပြန်ပြီ။
သူနဲ့အတူရှိနေရင် ဟျောင်းက ပျောက်ကွယ်သွားမယ်ဆိုရင် သူကတော့ဟျောင်းနဲ့အတူ ရှိမနေချင်တော့ဘူး။
" ကိုကို "
အခန်းထဲကို အသံမပေးဘဲ ဝင်လာတဲ့ ညီမလေး။
![](https://img.wattpad.com/cover/314999725-288-k641882.jpg)
VOUS LISEZ
Flying On My Soul (Uni + Zaw) /Complete/
Fanfictionပန်းပွင့်အနီလေးပေါ်ကို အဖြူရောင်လိပ်ပြာလေးက ပျံဝဲလာတယ်...။ ပန်းပွင့်အနီရောင်လေးပေါ်ကို အဖြူရောင် လိပ်ပြာလေးက ပျံဝဲလာတယ်...။ Yoon Jaehyuk & Park Jeongwoo