Chapter Nine

198 38 5
                                    

~ For Unicode ~

အဖြူရောင် ပန်းပွင့်လေးမှ အနီရောင်ပန်းပွင့်လေး အဖြစ်သို့...။

" အိမ်ရှေ့စံမင်းသားလေးရေ မင်းသားလေး "

ညဘက် အိပ်ဆောင်အပြင်ဘက်မှာ လေညှင်းခံလမ်းလျှောက်ထွက်နေရင်း အနားသို့အမောတကာ ရောက်လာတဲ့ အထိန်းတော်ကြီး။

" ဘာဖြစ်လို့ပါလဲ အထိန်းတော် "

" ဟို..ဟိုလေ..မင်းကြီးက.."

အလန့်တကြားနဲ့ကြောက်နေပုံရတဲ့ အထိန်းတော်ကို ဂျောင်ဝူးပြုံးပြရင်းနဲ့သာ စကားကို ရှေ့ဆက်ပြောစေလိုက်သည်။

" မင်းကြီးက အိမ်ရှေ့စံကို သတ်ပစ်ဖို့ အမိန့်ပေးလိုက်တာ ကြားခဲ့လို့ပါ "

" ဘယ်လို...ဘာပြောလိုက်တယ် အကိုတော်က..."

မယုံနိုင်ခြင်းများနဲ့ အံဩသွားတဲ့ဂျောင်ဝူး။ အကိုတစ်ယောက်က ညီကို သတ်ခိုင်းတယ်တဲ့လား။ ဘာအတွက်ကြောင့်များလဲ...။

" အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ မင်းသားလေး ဖြစ်နိုင်ရင် နန်းတော်ထဲက ထွက်သွားပါလားကွယ် "

" ကျွန်တော်...ကျွန်တော် အကိုဂျယ်ဟျော့ဆီသွားရမယ် အထိန်းတော်ကြီးလည်း လိုက်ခဲ့ပါ "

ငယ်ငယ်လေးကတည်းက သူ့ကို မိဘသဖွယ် ထိန်းကျောင်းလာခဲ့တဲ့ အထိန်းတော်ကြီးကို ဂျောင်ဝူးမထားခဲ့ရက်နိုင်ပါ။

" ကျွန်တော်မျိုးမလိုက်တော့ပါဘူး မင်းသားလေးသာ အသက်ရှင်နေမယ်ဆို အဆင်ပြေပါပြီ မင်းကြီးက ကျွန်တော်မျိုးကိုတော့ဘာမှ မလုပ်လောက်ပါဘူး "

အသက်အရွယ်ရနေပြီဖြစ်တဲ့သူကို သူတို့နဲ့အတူလိုက်လာပြီး ဒုက္ခခံခိုင်းဖို့လည်း မလုပ်ရက်။ ဒီလိုဆို နန်းတော်ထဲမှာ နေတာ ပိုအဆင်ပြေမည်မဟုတ်လား။

" ဒါဆို ကျွန်တော်သွားတော့မယ်နော် "

ေမှာင်နေပြီဖြစ်တဲ့အတွက် ညတွင်းချင်းတော့ အကိုတော်က သူ့ကိုလာမသတ်လောက်ပေ။ ေနာက်နေ့မှ မတွေ့တော့၍ လိုက်ရှာပြီး သတ်ပစ်နိုင်သည်။

ဘယ်သူမှ မမြင်အောင် နန်းတော်အပြင်ကို ဂျောင်ဝူးရအောင် ထွက်လာခဲ့လိုက်သည်။ ဦးတည်ချက်ကတော့ တစ်သက်လုံးအတူနေသွားချင်သည့် ယွန်ဂျယ်ဟျော့ဆီသို့။

Flying On My Soul (Uni + Zaw) /Complete/Dove le storie prendono vita. Scoprilo ora