~For Unicode~
ကောင်းကင်က ကြယ်တွေထဲမှာ ကြယ်လေးတစ်ပွင့်က အစွမ်းကုန်တောက်ပနေလိုက်တာ...။
" ဟျောင်းရေ နောက်တစ်ပတ် ကျွန်တော်တို့ကျောင်းမှာ ပန်းချီပြိုင်ပွဲရှိတယ် အဲ့ဒါဟိုနေ့ကဆွဲနေတဲ့ပန်းချီလေးနဲ့ ပြိုင်မလို့ "
ယွန်းဟွာကိုစာသင်ပေးနေတဲ့ ဟျောင်းနားမှာ ဝင်ထိုင်ပြီး ပြောလိုက်သည်။
" အင်း...အဲ့တော့ "
ဒီဟျောင်းက တွေ့လား သိရဲ့သားနဲ့ ဒီကသူနဲ့အတူတူ အဲ့ကိုပြန်သွားချင်လို့ပါဆို။
" အဲ့တော့ ဟျောင်းအဲ့ကိုထပ်လိုက်ပို့ပေးလေ ကျွန်တော်ပန်းချီကို ပြီးအောင်ဆွဲမို့ "
" မပို့ပေးချင်ပါဘူး "
" ဟာ ဟျောင်း စိတ်ဆိုးလိုက်မှာနော် "
နှုတ်ခမ်းကြီးဆူပြီး စိတ်ကောက်ပြနေတဲ့သူ တစ်ကယ် ဂျစ်ကန်ကန်ကလေးပါဆို။
" ကိုကိုကလည်း ကလေးလည်းမဟုတ်ဘဲ ကလေးလို လာစိတ်ကောက်ပြနေတယ် ဟားဟား "
လှောင်သလိုလို ပြောင်သလိုလိုနဲ့ လာရီနေတဲ့ကလေးမ ငါထုလိုက်ရ။
" ဘာဖြစ်တုန်း ကိုကိုက ခုမှ ကလေးရှိသေးတာ "
" ကလေးကလည်း ယွန်းဟွာဆရာထက်တောင် လူကောင်ထွားနေသေးတယ် "
" ဒါကလူကောင်သာထွားတာ စိတ်က ကလေးစိတ်လေ ဟဲဟဲ "
ဂျယ်ဟျော့တစ်ယောက် စကားနိုင်လုနေတဲ့ မောင်နှမနှစ်ယောက်ကို ပြုံးပြီးကြည့်နေနိုင်တော့တယ် တယ်လည်းရီရတဲ့ မောင်နှမနှစ်ယောက်။
" ကဲ ကဲ ဒီကလေးကြီးကို ဟျောင်းက လိုက်ပို့ပါ့မယ် ဒီကလေးလေးကလည်း စာသေချာလုပ်ရမယ်နော် အားရင်ဆရာက ကစားကွင်းလိုက်ပို့မယ် "
" ရေး..ကိုကို့ ကို မခေါ်ဘူး ဆရာနဲ့ နှစ်ယောက်တည်း ဒိတ်.."
ငါ..ဒီကလေးထုမိတော့မယ် ဘာဒိတ်လဲ ဒိတ်မယ့်ဒိတ် ငါနဲ့ဒိတ်မှာပေါ့။
" ဘယ်လိုဖြစ်ဖြစ် ငါကလည်းရအောင်လိုက်မှာ "
လျှာထုတ်ပြောင်ပြပြီး ပြေးသွားတဲ့ ဂျောင်ဝူး တစ်ကယ် ငဂျစ်ကောင်လေးပါလေ။
VOUS LISEZ
Flying On My Soul (Uni + Zaw) /Complete/
Fanfictionပန်းပွင့်အနီလေးပေါ်ကို အဖြူရောင်လိပ်ပြာလေးက ပျံဝဲလာတယ်...။ ပန်းပွင့်အနီရောင်လေးပေါ်ကို အဖြူရောင် လိပ်ပြာလေးက ပျံဝဲလာတယ်...။ Yoon Jaehyuk & Park Jeongwoo