Chapter Two

274 45 9
                                    

~ For Unicode ~

ညဘက် ကောင်းကင်မှာ မြင်နေရတဲ့ကြယ်လေးတွေက အရမ်းလှတာပဲ....။

" ဂျောင်ဝူး... "

အတန်းထဲကို ကျွန်တော့်နာမည်ကိုအော်ခေါ်ရင်း ပြေးပြီးဝင်လာတဲ့ ယောင်းအူ ဒီကောင့်အသံကတော်တော်အောင်တာပဲ အနားမရောက်သေးဘူး အသံက ငါ့နားတောင်ကွဲတော့မလို။

" ဘာလို့လဲ ယောင်းအူရာ ဖြေးဖြေးလာပါ "

" ငါပြောပြချင်တာရှိလို့ပါ လွန်ခဲ့တဲ့တစ်လလောက်ကလ ညနေခင်း ရုတ်တရုတ်ကြီး မိုးတွေအုံလာပြီး ညကျ မိုးအရမ်းရွာတဲ့နေ့ကလေ "

"အင်း...ဘာဖြစ်လို့လဲ "

" ငါတို့အိမ်နားက လူတစ်ယောက်က အဲ့နေ့မှာ သူညကြီး မိုးတွေရွာနေတာကိုပြန်ရောက်မလာဘူး မနေ့ကမှ သူ့ကိုပြန်တွေ့တာ ပြန်တွေ့တော့ ရူးနေတယ်ဆိုပဲ "

" ဟုတ်လား တစ်လတောင်ပျောက်သွားတာ ဘယ်နားက ပြန်တွေ့တာလဲ "

" အဲ့ဒါ ဂွမ်ချိုဘက်နားက "

" ဪ..အဲ့ဘက်က တောထူပြီး အယူသီးတဲ့နေရာမလား အဲ့ဘက်သွားရင် ဘာမလုပ်ရဘူး ညာမလုပ်ရဘူးနဲ့လေ "

" ဟုတ်ပါတယ်ဆို အဲ့လူ အဲ့ကိုသွားပြီးဘာလုပ်လို့ ဒီလိုရူးသွားတာလဲလို့ "

" မင်းကလည်း သူ့ဘာသာရူးသွားတာကို ဘာမှ အယူသီးမနေနဲ့ "

" မင်းကလည်း အဲ့ဘက်က နတ်ကြီးတယ်လေ နတ်တွေဘာတွေသူကိုင်ခံရလားမှမသိ"

" မင်းကတော့လေ... "

သူခေါင်းရမ်းပြီး ပြုံးရုံသာတက်နိုင်တော့တယ်။ အဲ့လိုပဲ ယောင်းအူကလေ နတ်တွေ သရဲတွေ ထူးဆန်းတာတွေဆို အရမ်းစိတ်ဝင်စားတာ။ ခုလည်းကျောင်းရောက်ရောက်ချင်း ဘာတွေလာပြောနေလဲမသိ။

ပြောရင်း ဂျယ်ဟျော့ဟျောင်းကိုတောင် သတိရသွားပြီ။ ပန်းချီကားကိုကြည့်ရင်းဆန်းကြယ်မှုတွေကို ယုံလားဆိုပြီး မေးခဲ့ဖူးသည်လေ။

° ° °

ကျောင်းကအပြန် ဖြတ်ပြန်နေကြ ပန်းဆိုင်ရှေ့ကနေပြန်တော့ ဆိုင်ထဲက ထွက်လာတဲ့ ဂျယ်ဟျော့ဟျောင်း။

Flying On My Soul (Uni + Zaw) /Complete/Onde histórias criam vida. Descubra agora