အပိုင်း (၃)

79.9K 3.6K 457
                                        


"မှူး မင်း အိမ်ပြန်မလာသေးဘူးလား"

"နောက်ကျမယ်"

" ဘယ်အချိန်ထိလဲ ။
အခုတောင် ၉ နာရီကျော်နေပြီ"

"၁၀ နာရီပြန်လာမယ်"

ခပ်ပြတ်ပြတ်ပြောပြီးတာနဲ့ ဖုန်းချသွားတဲ့
မှူးကြောင့် လွှမ်းသုတ မကျေမနပ်ဖြစ်သွားရသည်။

နေ့လယ်ကတည်းက စိတ်ဆိုးနေတဲ့ ဝေမှူးပိုင်ဟာ
အခုထိကို စိတ်ဆိုးမပြေသေးပုံ။

ရှန်ခွန်းနောင်တို့အိမ်ကိုသွားပြီး
သူတို့အိမ်မှာပဲ ညနေစာ ထမင်းအတူစား ၊
စကားခဏပြောပြီးတာနဲ့ လွှမ်းသုတက အိမ်ကိုပဲ
ပြန်လာခဲ့တာ။

အိမ်ပြန်ရောက်ကတည်းက ဝေမှူးပိုင်ကို
ဖုန်းဆက်ပြီး ချော့ဖို့ တွေးပေမဲ့ သူ့အဖေနဲ့၊
တခြားလုပ်ငန်းရှင်တွေနဲ့ စကားပြောနေတဲ့အချိန်
အနှောက်အယှက်ဖြစ်နေမှာစိုး၍ ဒီအချိန်လောက်မှ
သာ ဖုန်းဆက်လိုက်ခြင်းဖြစ်သည်။

အရင်ကဆို ဘယ်လောက်
မအားဘူးပြောပြော သူပြောသွားတဲ့အချိန်ကွက်တိ
အိမ်ပြန်ရောက်နေတတ်တဲ့ ဝေမှူးပိုင်က
သူသဘောမကျတဲ့
ထက်မာန်အကြောင်းကို လွှမ်းသုတက
ပြောလိုက်မိတာနဲ့ ပုန်ကုန်ပြီး
အခုထိကို အိမ်ပြန်မလာဘဲ နေနေတာဖြစ်သည်။

သူ့ထက် လူကြီးဆန်ပြီး
ဦးဆောင်နိုင်စွမ်းရှိတာမှန်ပေမဲ့
တစ်ခါတလေကျလည်း သူ့ထက်
ငါးလခန့်ငယ်သည့်
ဝေမှူးပိုင်က ကလေးဆိုးတစ်ယောက်လို။

"အားနေစိတ်ဆိုးဖို့ပဲ"

လွှမ်းသုတ ပွစိပွစိပြောလိုက်ပြီး ဧည့်ခန်းက
ဆိုဖာတွင်ထိုင်လိုက်သည်။

ဝေမှူးပိုင် အိမ်ပြန်လာတာကို ဂိမ်းဆော့ရင်းစောင့်ဖို့
လုပ်ပေမဲ့ ရောက်ကတည်းက စားပွဲပေါ်တင်ထားပြီးမေ့နေသော ရှန်ခွန်းနောင် ညောင်ရွှေက
ဝယ်လာပေးသည့် စတော်ဘယ်ရီ
တွေကို တွေ့သည့်အခါ လက်ထဲက ဖုန်းကို
ပြန်ချထားလိုက်မိသည်။

ထို့နောက် အသီးတွေထည့်ထားသည့်
ပုံးကိုယူ၍ အသီးတွေကို
ရေဆေးပြီး ရေခဲသေတ္တာထဲ
ထည့်ထားရန် kitchen ထဲသို့လာခဲ့လိုက်သည်။

HE [Happy Ending] (Completed)Wo Geschichten leben. Entdecke jetzt