"မောင့်ကို အင်္ကျီကြယ်သီးလေး
လာတပ်ပေးပါလား"" ကိုယ့်ဟာကိုယ်တပ်ပါလား ။ မင်း
လက်မပါလို့လား"ဧည့်ခန်းက ဆိုဖာမှာထိုင်၍
ဖုန်းကြည့်ရင်းနဲ့ မနက်စာစားနေသည့် လွှမ်းသုတက
ဘုဂျစ်ကလန့်ပြောလာသည်။မျက်နှာလေးသည်လည်း
မှုန်ကုပ်ကုပ်ဖြင့် ရှိနေ၏။ဒီနေ့ နေ့လယ် ၁၂ နာရီမှ ထလာသည့်
လွှမ်းသုတကြောင့်
ဝေမှူးပိုင်က အရင်လို
အတူမနက်စာစားဖို့မစောင့်တော့ဘဲ
တစ်ယောက်ထဲ အရင်စားထားလိုက်မိ၍
လွှမ်းသုတ က မကျေမနပ်ဖြစ်ကာ
ဂျစ်တိုက်နေခြင်း ဖြစ်သည်။ဝေမှူးပိုင်ပြုံးလိုက်မိသည်။
"မောင် လက်နာနေလို့"
"မတပ်ပေးဘူး ။ လက်နာရင် မတပ်သွားနဲ့
ဒီတိုင်းချွတ်သွား"" ရက်ရောလိုက်တာကွာ။
ပြောတော့ မင်းပဲ မောင့်ကို သူများကြည့်မှာတောင်
မကြိုက်ဘူးဆို"" မင်းကကြည့်ခံချင်နေမှတော့ ငါက
ပါရမီဖြည့်ပေးရတာပေါ့""မောင်ကဘယ်မှာကြည့်ခံချင်နေလို့လဲ"
သူ့ဘေးမှာ ရပ်နေသည့် ဝေမှူးပိုင်ကို လွှမ်းသုတက
မျက်မှောင်လေးကုပ်လျက် ခြေဆုံးခေါင်းဆုံး
အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။ရှပ်အင်္ကျီလက်ရှည် ငှက်ခါးရောင်ကို ဒူးနေရာမှာ
အပြဲဒီဇိုင်းပါသည့် ဂျင်းဘောင်းဘီအနက်ထဲ
ထည့်ပြီး ခါးပတ်အနက်ရောင်ပတ်၍
သပ်သပ်ရပ်ရပ်ဝတ်ထားပုံက
လိုက်ဖက်နေသည်။ကြယ်သီးသုံးလုံးခန့် မတပ်ရသေးသော
အင်္ကျီအောက်တွင်တော့ လွှမ်းသုတ မနေ့ညက
ပေးခဲ့သော အချစ်အမှတ်အသားအရာများက်ို
ထင်ထင်ရှားရှား တွေ့နေရ၏။ဘေးကို အနည်းငယ်မျှသာ
ပါးထားသော undercut hairstyle နဲ့
နဖူးပြေပြေပေါ်အောင် ဆံပင်ကို သပ်သပ်ရပ်ရပ်
လှန်သိမ်းထားသည့်အတွက်ကြောင့်
ရှင်းသန့်လှသည့် မျက်နှာချောချောက
ထင်ပေါ်နေသည်။လက်တွင်လည်း လွန်ခဲ့တဲ့နှစ်က လွှမ်းသုတ
သူ့ကိုမွေးနေ့လက်ဆောင်ပေးခဲ့သော Rolex
နာရီကို ပတ်ထားသေးသည်။