အပိုင်း (၇)

79.7K 3.6K 468
                                        

"မေမေ ကြည့်ကြည့် ။ ကြည့်ရတာ
အဆင်ပြေလား"

သူမပွဲရုံစာရင်းတွေလုပ်နေသည့်အချိန်
အရှေ့တည့်တည့်၌ ရပ်၍ ပြောလာသည့်
သားဖြစ်သူကြောင့် ဒေါ်စိုးယုမော့ကြည့်
လိုက်ရသည်။

"ဘာကိုလဲ သားရဲ့"

"ခုဝတ်ထားတာကိုလေ မေမေကလည်း.."

"ခုဝတ်ထားတာ ဘာဖြစ်နေလို့လဲ"

"ကြည့်လို့ကောင်းရဲ့လားလို့"

"ကောင်းတာက ကောင်းပါတယ်။
ဒီအချိန်ကြီးမှ ဘယ်သွားမလို့လဲ။
၉နာရီခွဲနေပြီ နော်"

"ဘယ်မှမသွားပါဘူး ။ လမ်းထိပ်က
Convenience store ကိုပဲ"

"လမ်းထိပ်တင်သွားမှာကို ဘာလို့
ဒီင်္အကျီအကောင်းတွေဝတ်ပြီး ပဲများနေရတာလဲ
အံ့ဩပါ့တော်"

မေမေက ပြောသည့်အခါ လွှမ်းသုတ
ရယ်သာရယ်ပြလိုက်မိသည်။

ထို့နောက် သူဝတ်ထားသည့်
ရင်ဘတ်တွင် အညိုရောင်ဝက်ဝံရုပ်လေးပါသော
တီရှပ်လက်ရှည်အဖြူရောင်နဲ့
ဂျင်းဘောင်းဘီအနက်အား နောက်တစ်ခေါက် 
သေချာပြန်လည် ဆန်းစစ်ကြည့်ရှုလိုက်ပြီးမှ
မေမေထိုင်နေသည့် ခုံရဲ့ဘေးတွင် ထိုင်လိုက်
တော့သည်။

ထို့နောက် လက်ထဲက ဖုန်းဖြင့် ဝေမှူးပိုင်အား
Message ပို့လိုက်တော့၏။

'အဟမ်း !
ငါ ၁၅ မိနစ်လောက်နေရင် သွားတော့မှာနော်'

' ရောက်ရင် အိမ်ထဲ မဝင်ခဲ့နဲ့ ။ msg ပို့လိုက်
ငါထွက်လာမယ်'

'ပြီးတော့ ၁၅ မိနစ်ထက်နောက်ကျရင်
တွေ့ခွင့်မပေးနိုင်တော့ဘူး'

သူ့ဘက်က message သုံးစောင်ကို
တောက်လျှောက်ပို့ပြီး တစ်ဖက်က ပြန်လာမယ့် reply အားလည်း စောင့်နေမိသည်။

စက္ကန့်ပိုင်းမျှသာကျန်သည် ။ ဝေမှူးပိုင်ဆီမှ message ပြန်ဝင်လာခဲ့၏။

' မင်းအိမ်ရှေ့မှာ မင်းကိုစောင့်နေတာကြာပြီ'

လွှမ်းသုတ အခုမှ အိမ်တံခါးဝကို
လှမ်းကြည့်လိုက်မိသည်။

မိုးချုပ်ပြီဆိုကတည်းက မေမေက
ပိတ်ထားသည်ထင်။
ပေါလစ်ရောင်ပြောင်နေသည့် ကနုတ်ထွင်းထားသောသစ်သားတံခါးမကြီးနှစ်ခုက ဂျက်ပင်ထိုးထားပြီး ပိတ်လျက်သားဖြစ်နေသည်။

HE [Happy Ending] (Completed)Donde viven las historias. Descúbrelo ahora