'အခန်းထဲက မထွက်လာတော့ဘူးလား'
ဂိမ်းဆော့နေတုန်း ဝင်လာသည့် message ကြောင့်
လွှမ်းသုတ နှာခေါင်းလေးရှုံ့ပစ်လိုက်သည်။
အခုမှ ဘာဖြစ်နေတာလဲ !
လွှမ်းသုတ အခန်းထဲက မထွက်သေးတာမှ ၃ နာရီပဲ
ရှိသေးတာကို !
message ကိုလည်း ဘာမှပြန်မပို့ဘဲ နေလိုက်၏။
ထိုအခါ message တွေက
ဆက်တိုက်ဝင်လာခဲ့သည်။
' ဘေးဘေး အန်နေတယ်'
ဘေးဘေးကပါ သူနဲ့ အပြင်မှာ
ကျန်နေခဲ့တာကြောင့်
လှမ်းပြီးလူလည်ကျခြင်းဖြစ်သည်။
ဘေးဘေးကဖြင့် အခုတလော
မအန်တာမှကြာလှပြီ။
ဆော့နေသည့် ဂိမ်းပွဲပြီးသွားတာကြောင့် Facebook
ထဲဝင်ခဲ့လိုက်သည်။
'မင်းကြိုက်တဲ့ တက်လန်းမှာ
တုတ်ထိုးသွားဝယ်ပေးရမလား ။
မိုးတိတ်ပြီ မင်းရောလိုက်ခဲ့မလား'
ဒီ message ကိုမြင်သည့်အခါတွင်တော့
လွှမ်းသုတ လျစ်လျူရှုနိုင်စွမ်းသိပ်မရှိတော့။
ဒီလိုရာသီဥတုလေးနဲ့
သူကြိုက်တဲ့ဆိုင်က တုတ်ထိုးလေးနဲ့ ဘေးဆိုင်က
အုန်းစိမ်းဖျော်ရည်လေးနဲ့သာဆို ကွက်တိ။
Message ကို conversation ထဲမဝင်ဘဲ
အပြင်ကနေသာ ဖတ်နေပြီး
မှူးဘက်က ထပ်ပို့လာမယ့် message
ကို လွှမ်းသုတစောင့်နေမိသည်။
'မင်းကို မောင်ချစ်တယ်ကွာ
စိတ်မဆိုးပါနဲ့တော့ ။ မျက်နှာလေး ထွက်ပြဦး'
လွှမ်းသုတရဲ့ မျက်နှာတွင်အပြုံးသေးသေးလေး
ဖြစ်တည်သွားခဲ့သည်။
ထို့နောက်မှ မှူးကို message ပြန်ပို့လိုက်၏။
လွယ်လွယ်နဲ့တော့ စိတ်ဆိုးပြေလို့ဖြစ်ပါ့မလား!
' တုတ်ထိုးအရင်သွားဝယ်ပေး'
' အင်း အခု သွားဝယ်လိုက်မယ်။
မင်းဘာစားချင်သေးလဲ'
'အုန်းစိမ်းဖျော်ရည်
SP က red velvet cake'
' မောင်သွားလိုက်မယ် မင်းမလိုက်တော့ဘူးလား'
' မလိုက်ဘူး'
မှူးက message ကို reply ပြန်မလာတော့။
ခဏကြာသည့်အခါ Active now လည်း
ပျောက်သွားပြီး အိမ်တံခါးဖွင့်သံကိုပါ
ကြားလိုက်ရသည်။
![HE [Happy Ending] (Completed)](https://img.wattpad.com/cover/314460211-64-k297748.jpg)