အပိုင်း (၄) [18+]

110K 3.3K 394
                                        


"မဟုတ်တာတွေ မပူဆာနဲ့ မရဘူး"

"ဟာ ဘာလို့လဲ.."

" မရဘူးဆို မရဘူး"

"မောင်နော်... မင်းကလည်း..."

ရေချိုးပြီးစ bathrobe ဝတ်ထားသည့်
ဝေမှူးပိုင်ရဲ့ လက်မောင်းကို
လွှမ်းသုတ ဆုပ်ကိုင်ရင်း
မျက်နှာငယ်လေးနဲ့လုပ်နေမိသည်။
လက်ထဲမှာလည်း ဝေမှူးပိုင်၏ ရေစိုဆံပင်ကို
သုတ်ပေးဖို့ တဘက်တစ်ထည်
ကိုင်ထားသေး၏။

ဒီနေ့ လွှမ်းသုတတို့ကျောင်းက ပိတ်ရက်မို့
ဝေမှူးပိုင်ကပါ ဘယ်မှမသွားဘဲ အိမ်မှာပဲ
အတူရှိနေကြခြင်းဖြစ်သည်။

"မှူးလို့ ....ငါတကယ်ရချင်တာပါဆို"

"အင်း ရချင်တယ်ပဲထား ။ မင်းရော မောင်ရော
အိမ်မှာမရှိရင် အဲ့ခွေးကို ဘယ်သူဂရုစိုက်မှာလဲ"

"ဒီလေးလလောက်တော့ အဒေါ်ကြီးကို လစာတိုးပေးပြီး ငါပြန်လာတဲ့ အထိနေခိုင်းမှာပေါ့ ။
ဒီထက်နည်းနည်း
ကြီးလာရင်တော့ သူ့ချည်းပဲထားခဲ့လို့ဖြစ်ပါတယ်"

"တော်ပြီကွာ valentine day လက်ဆောင်ဆိုလည်း မောင့်ကို တခြားဟာ ပူဆာ"

" အဲ့ခွေးလေးပဲ မွေးချင်တာပါဆို"

"မရဘူးလို့မောင်ပြောပြီးပြီမဟုတ်လား"

" ဘာလို့မရတာလဲ"

"တာဝန်ကြီးတယ်။
စိတ်ရှုပ်ဖို့ကောင်းတယ်"

လွှမ်းသုတက သူကိုင်ထားတဲ့ ဝေမှူးပိုင်ရဲ့
လက်မောင်းကို လွှတ်ချလိုက်ပြီး ဝေမှူးပိုင်ကို
ဆူပုပ်စွာ ကြည့်လိုက်ကာ ခပ်ဆောင့်ဆောင့်
အသံဖြင့်

"ငါရချင်တာလို့ ..!"

"နေပါဦး ရုတ်တရက်ဘာဖြစ်တာလဲ။
ဘာလို့ ခွေးထမွေးချင်ရတာလဲ"

အခုတလော လွှမ်းသုတက
အချိန်အားရင် ဂိမ်းပင်မဆော့ဘဲ
ခွေးနဲ့ဆိုင်တဲ့ video တွေပဲ လိုက်ကြည့်နေတာပဲ
သိပေမဲ့ ဝေမှူးပိုင် သေချာအောင်မေးလိုက်ခြင်း
ဖြစ်၏။

HE [Happy Ending] (Completed)Wo Geschichten leben. Entdecke jetzt