အပိုင်း (၅)

75.2K 3.4K 604
                                        

"ဆရာလွှမ်းသုတ ဒီနေ့တော့ လိုက်မယ်မလား"

Professor က ရုတ်တရက်မေးလာတာကြောင့်
လွှမ်းသုတ ကြောင်အအလေးပင်ဖြစ်သွားရသည်။

" ဗျာ..professor ဘာကိုပြောတာလဲ မသိ

ထိုအခါ ဘေးနားတွင် တခြားဆရာတွေနဲ့ စကား
ရပ်ပြောနေသည့် ထက်မာန်က ရယ်လိုက်ပြီးမှ ..

" ဒီနေ့ည ___ မှာလုပ်မယ့် dinner ကိုပြောနေတာ
အစ်ကို"

Professor ကလည်းပြုံးလိုက်ပြီး
"English တင်မဟုတ်ဘူး ။ ဒီညက တခြား
ဌာနက ဆရာတွေပါလာကြမှာ။ ဒီတစ်ခေါက်တော့
ဆရာပါလိုက်ခဲ့လိုက်ပါ ။အရင်ကလည်း
ဌာနကလုပ်တဲ့ ဘာပွဲမှ မတက်တော့
သိပ်မကောင်းဘူးလေ"

လွှမ်းသုတ အင်း အဲ လုပ်ပြီး
စဉ်းစားရကြပ်နေမိသည်။
Professor ကပင်ထပ်၍

" လိုက်ခဲ့လိုက် ဟုတ်ပြီလား။
တခြားသူတွေရော အကုန်လာမှာ။
တစ်ယောက်ထဲမနေခဲ့နဲ့"

Professor ကတော့ ပြောချင်တာပြောပြီး
ထွက်သွားလေပြီဖြစ်သည်။
လွှမ်းသုတမှာသာ ခေါင်းလေးကုတ်မိရတော့သည်။

သွားတာက မခက်။
အိမ်က ဆရာ့ဆရာ ဝေမှူးပိုင်ဆီ
ခွင့်တောင်းရမှာက ခက်တာ။

ဥစ္စာခြောက်တတ်လွန်းသည့် ဝေမှူးပိုင်နဲ့
တော်ရုံတန်ရုံ ဘာပြဿနာမှ မဖြစ်ချင်သည့်အပြင်
လွှမ်းသုတ ကိုယ်တိုင်ကိုကလည်း အဲ့ဒီလို ပွဲတွေ
လမ်းတွေ ဘာမှစိတ်မဝင်စားသဖြင့် ဌာနက
လုပ်တဲ့ ဘယ်ပွဲကိုမှ မသွားခဲ့ခြင်းဖြစ်သည်။
သို့သော် အခုတစ်ခေါက်က Professor ကိုယ်တိုင်က
ပြောလာတာကြောင့် မသွားဘဲ နေလျှင်ရိုင်းရာ ကျတော့မည်။

" အစ်ကိုလာမှာမဟုတ်လား"

နံဘေးရှိထက်မာန်ကမေးလာသည်။

" ဟုတ်ကဲ့ ။ လာဖို့ ကြိုးစားကြည့်လိုက်ဦးမယ်"

မှုန်ကုပ်ကုပ်ရုပ်လေးဖြင့် စဉ်းစားရကြပ်နေပုံရသည့်
လွှမ်းသုတ၏ ပုံစံလေးကိုကြည့်ကာ ထက်မာန်
ပြုံးလိုက်မိသည်။

ဘာကြောင့်ရယ်မှန်းတော့မသိ..။
အစ်ကိုလွှမ်းသုတက ငေးကြည့်နေရရုံလေးနဲ့တင်
ချစ်ဖို့ကောင်းသည်လို့ခံစားရသည်။

HE [Happy Ending] (Completed)Where stories live. Discover now