Extra for Hmue's birthday!

69.7K 3.1K 462
                                        


မှတ်မှတ်ရရပဲ။

ကျောင်းတက်နေတဲ့အချိန် ..
လွှမ်းသုတတို့ ချစ်သူဖြစ်ခဲ့တုန်းက
ဝေမှူးပိုင်က လွှမ်းသုတကြောင့်
တစ်ခေါက် ငိုခဲ့ဖူးတယ်။ 
လွှမ်းသုတကိုလည်း အဲ့ဒီတစ်ခေါက်က
အဆိုးဆုံး စိတ်ဆိုးဖူးခဲ့တာပဲ။

အဲ့ဒီတုန်းက အကြောင်းကို အခုချိန်ပြန်တွေးရင်
နှစ်နှစ်ခြိုက်ခြိုက်ပင် ပြုံးမိသလို
ပြန်တွေးတိုင်းလည်း ဝေမှူးပိုင်ကို
လွှမ်းသုတ အချစ်ပိုရဆဲပင်။

အချိန်ကို ပြန်တွက်ကြည့်မယ်ဆိုရင်..
ချစ်သူသက်တမ်း တစ်နှစ်ပြည့်ပြီးသည့်အချိန်
April Fool Day တွင်ဖြစ်၏။


~~~~~~~~

"မှူး.. ငါ .. ငါ..မင်းကို ဝန်ခံစရာရှိတယ်..."

ည ၁၁ နာရီခန့် တွင် လွှမ်းသုတ အိပ်မရသဖြင့်
ဝေမှူးပိုင်နဲ့ ဖုန်းပြောနေရာမှ ဖုန်းထဲက April 1 ဆိုသည့်
ရက်စွဲကို သတိရမိကာ စကားစလိုက်၏။

မှူးကို April fool ချင်သေးသည်လေ။

"အင်း ပြော"

"ငါလေ အခုတလော
မင်းကို သိပ်မချစ်တော့သလိုပဲ..
အဲ့ဒီလိုခံစားရတယ်.."

လွှမ်းသုတက ပြောလိုက်ပြီးမှ ပြုံးစိစိချင်လာသည့်
နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။

"ဘာလို့လဲ.. လွှမ်းသုတ..ဘာဖြစ်လို့
အဲ့လိုခံစားရတာလဲ..."

ဝေမှူးပိုင်က ဂရုတစိုက်ရှိသည့် အသံဖြင့်မေးလာသည်။

"အင်း .. အဲ့လိုတော့မသိဘူး..။
ဒီတိုင်း ငါမင်းကို အရင်ကလောက်
သိပ်မချစ်တော့သလိုပဲ"

"မောင် မင်းအပေါ် ဘာအမှားလုပ်မိလို့လဲ..
မောင် အမှားလုပ်မိတာရှိလား .."

"အဲ့ဒီလို .. မရှိပါဘူး.."

"သေချာတွေးကြည့်ပါဦး။
မောင်အခုတွေးမရတော့ဘူး ဖြစ်နေလို့..။
မောင်ကိုယ်တိုင်တောင်မသိဘဲ
မင်းအပေါ်အမှားလုပ်မိခဲ့တာမျိုးရော ရှိသလား။
ရှိရင် မောင့်ကို ပြော လွှမ်းသုတ.."

HE [Happy Ending] (Completed)Where stories live. Discover now