အပိုင်း (၆)

72K 3.4K 564
                                        


"မင်း ဘာလို့...ဘာလို့များ
ဒီလိုစကားကိုလွယ်လွယ်လေးပြောနိုင်ရတာလဲ.."

ဝေမှူးပိုင်၏ မျက်ဝန်းအကြည့်တွေသည်
ဒေါသတို့ကင်းမဲ့သွားခဲ့ပြီး ထိုအစား
ဝမ်းနည်းမှုတို့က အစားထိုးဝင်ရောက်လာသည်။

"မင်းကရော ဘာလို့ ငါ့သိက္ခာကို
စိတ်ကြိုက်စော်ကားနေတာလဲ...။
မင်းမြင်လား..ငါသူနဲ့ ဘာတွေလုပ်နေလို့လဲ။
ဒီတိုင်းစိတ်ပျက်စရာကောင်းတဲ့စကားတွေပြောနေတဲ့သူ့ကို ဘယ်လိုမှကို လက်တုံ့မပြန်ချင်လို့
လျစ်လျူရှုနေခဲ့တာလေ..။
ငါကဘာကြောင့် မင်းကို သည်းခံနေရမှာလဲ။
ငါမင်းကို ချစ်တဲ့အချစ်ကိုကျ မင်းမယုံဘဲ ၊
ငါမင်းကိုဘယ်လောက်ထိ ချစ်လဲ ဆိုတာကိုကျ
မင်းမယုံဘဲ!!!!..."

စကားတို့မဆုံးသေးခင်မှာပင်..
လွှမ်းသုတ၏ အသံက ဆို့နစ်ဝင်သွားခဲ့သည်။
လည်ချောင်းတွင် ဆို့နစ်နေသည့် မွန်းကြပ်ကြပ်
ခံစားချက်ကြီးကို ကြိုးစား၍ မြိုချလိုက်ပြီးမှ...

"...ငါ့ကို တခြားတစ်ယောက်နဲ့ လွယ်လွယ်လေး
သမုတ်ပစ်လိုက်တဲ့မင်းကို .. ငါဘာလို့ သည်းခံရမှာလဲ ။ ဒီလိုလူနဲ့ ငါဘာလို့ ဆက်ပြီးလက်တွဲရမှာလဲ.."

ဝေမှူးပိုင်ဘက်မှ တုံ့ပြန်မှုမရှိ
တိတ်ဆိတ်သွားခဲ့သည်။ထို့နောက်
နံရံတွင် လွှမ်းသုတ၏ ပခုံးကို အားနှင့်ဖိကပ်
ပစ်မိထားရာမှ လွှတ်ပေးလိုက်ကာ.. နေရာမှာပင်
ခေါင်းငုံ့လျက်.. ငြိမ်သက်စွာရပ်နေ၏။

" ငါမင်းနဲ့ အတူမနေတော့ဘူး.. ဝေမှူးပိုင်"

"မောင့်ဘက်က...မောင့်ဘက်က ခံစားချက်ကိုရော
မင်းမကြည့်တော့ဘူးလား..။
မောင့်ရင်ထဲမှာ ဘယ်လောက်ထိ..."

"ငါဖောက်ပြန်နေလို့လား! ငါဖောက်ပြန်နေလို့လားလို့ !!! ပြောလေ!!!"

လွှမ်းသုတ ရှိုက်ကြီးတငင်ငိုပစ်လိုက်ပြီးမှ
ဝေမှူးပိုင်၏ ရင်ဘတ်ကို အားနဲ့ထုရိုက်ပစ်လိုက်၏။

သူ့ဘက်က ဘာတွေများလိုအပ်ချက်ရှိခဲ့လို့
မှူးက ဒီလိုထင်ရတာလဲ။
သူဘယ်လောက်ထိချစ်ခဲ့ရလဲ။
မှူးလိုလူဆီကအချစ်ခံရလို့ရော သူဘယ်လောက်ထိ
ဂုဏ်ယူပြီး ပျော်ခဲ့ရလဲ။

HE [Happy Ending] (Completed)Donde viven las historias. Descúbrelo ahora