Part.3

1K 102 22
                                    

Unicode

"စေရာပြောစရာရှိရင်ပြောလိုက်လေ"

စေရာတို့လေးယောက်စားသောက်ဆိုင်တစ်ခုမှာ
ရောက်နေကြတာပင် မနက်ဖြန်ဆိုအိမ်ကြီးကို
သွားရတော့မှာမို့‌တိုင်ပင်ရန်ချိန်းလိုက်ပြီးမှ
စေရာကဘာမှမပြောတော့သက်တန့်မျက်နှာ
ကတင်းမာနေလေပြီ

"ဒီမှာပြောစရာရှိတာမြန်မြန်ပြောငါတို့ကနင့်လို
အားနေတာမဟုတ်ဘူးလေ"

"မင်း စကားကိုအကောင်းပြောလို့မရဘူးလား
ရုပ်လေးနဲ့မှမလိုက်အကျင့်ကနည်းနည်းမှ
မ..ကောင်း..ဘူးး"

"နင့်အပူပါလား"

ကြာလာတော့ရတီနဲ့စံမြန်းမှာလဲဘယ်သူတားလို့
တားရမှန်းမသိဖြစ်နေတော့သည်မတွေ့လိုက်နဲ့
တွေ့လိုက်တာနဲ့ရန်ဖြစ်‌တော့တဲ့နှစ်ယောင်ကို
ဘယ်လိုထိန်းရမလဲရတီရောစံမြန်းရော
မသိကြပေ

"ငါစကားအကောင်းပြောမလို့မင်းဝင်ဝင်
မဟောင်နဲ့"

"နင် နင်ငါ့ကိုခွေးလို့ပြောတာလား"

"ပြောမိလိုက်လို့လား"

"ကဲပါရန်မဖြစ်ကြနဲ့မနက်ဖြန်ဆိုပဲသွားရတော့
မှာကိုသက်တန့်ရယ် နင်ငြိမ်ငြိမ်လေးနေစမ်းပါ"

စံမြန်းဝင်တားမှစကားစရပ်သွားတော့သည့်
အဖြစ်ဒါလဲခဏပါဘယ်အချိန်ပြန်ဖြစ်မလဲမသိ

"အိမ်ကိုငါတို့ဝင်ရင်လေးယောက်လုံးအတူတူ
သွားနေလို့မရဘူး အပေါ်ထပ်အောက်ထပ်
နှစ်ယောက်ဆီခွဲသွားမှရမှာ"

ဟွန့် ဆရာကြီးလေသံနဲ့

"အွန်းပေါ့ရိုက်ကူးဖို့ကင်မရာကလဲနှစ်လုံးပဲ
ရှိတာဆိုတော့နှစ်ဖွဲ့ခွဲပြီးရိုက်မှရမှာ"

ရတီကထို့သို့ပြောတော့သက်တန့်က

"ငါရတီနဲ့အတူတူသွားမယ်"

"ဘာ!! မရပါဘူး မင်းရတီနဲ့လိုက်လို့မရဘူး

"ဘာလို့မရကမှာလဲငါရတီနဲ့လိုက်တာ နင့်ကို
ဘာလုပ်နေလို့လဲ"

"ရတီကသရဲကြောက်တက်တယ်သရဲတွေ့တာနဲ့
ထိပ်ဆုံးကပြေးမှာမင်းကိုတောင်သတိရမှာ
မဟုတ်ဘူး"

ကန့်သတ်နယ်မြေWhere stories live. Discover now