Part.13

805 75 15
                                    

Unicode
မနက်စောစောမနက်စာစားနေကြတဲ့ဒေါ်ချိုချိုဆန်းတို့အိမ်လေးကအရင်လိုစကားပြောသံလေး
များရီမောသံများမကြားရတော့ပဲတိတ်ဆိတ်
နေလေသည်ထမင်းဝိုင်းလေးအတွင်းကလူတွေ
ကလဲကိုယ်အတွေးနဲ့ကိုယ်ဖြစ်နေပြီးအရင်လို
စကြနောက်ကြတာတွေမရှိတော့ဒါကြောင့်
ဒေါ်ချိုချိုဆန်းကပဲအရင်စကားစလိုက်ရတော့
သည်..........

"သမီးလေးစေရာတို့ဒီမနက်ပြန်ကြမှာဆိုတော့
အားလုံးပြင်ဆင်ပြီးပြီပေါ့"

အန်တီချို့ရဲ့အသံကြားတော့မှာသူတို့အားလုံး
အတွေးနယ်လွန်နေတာကိုရပ်လိုက်ကြသည်
ရှိခဲ့တဲ့အချိန်တွေရောတွေ့ခဲ့တဲ့အချိန်ရောခဏ
လေးဆိုပေမဲ့အားလုံးကသံယောဇဉ်တွယ်နေကြ
တာမို့အခုလိုပြန်ရမယ်ဆိုတော့သူတို့အားလုံးကို
ဝမ်းနည်းစေတာအမှန်ပင်

"ဟုတ်ကဲ့အန်တီအားလုံးပြင်ဆင်ပြီးပါပီ..နေမပူ
ခင်လေးသွားမလားလို့စဉ်းစားထားတာ"

"ကောင်းတာပေါ့ကွယ်..စောစောလေးထွက်တော့
အဆင်ပြေတာပေါ့..ကဲစားစား"

"ဟုတ်ကဲ့အန်တီ"

စေရာနဲ့ဒေါ်ချိုချိုဆန်းရဲ့စကားဝိုင်းကိုဘယ်သူ
မှဝင်မပါကြ မစားချင်စားချင်နဲ့လှုပ်စိလှုပ်စိ
လုပ်နေကြလေသည်သံယောဇဉ်ဆိုတာကလဲ
ဒုက္ခရဲ့မြစ်ဖျားခံရာဖြစ်နေတော့ဘယ်သူ့ကိုမှ
သံယောဇဉ်မတွယ်တာအကောင်းဆုံးပေအဓိက
..ကတော့အချိန်တန်အိမ်ပြန်မဲ့သူတွေကိုပိုပြီး
သံယောဇဉ်မတွယ်တာအကောင်းဆုံးပင်....

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ကဲကဲသွားကြတော့နော်..နောက်လည်းဒီကို
အားရင်အလည်လာကျပေါ့အန်တီမျှော်နေမယ်
ခရီးလမ်းကိုလဲဂရုစိုက်ကြ"

"‌ဟုတ်ကဲ့အစစအရာရာအတွက်ကျေးဇူးပါနော်
အန်တီ...သမီးတို့ကောင်းကောင်းပျော်ခဲ့
ရပါတယ်"

"ရပါတယ်ကွယ်..ကဲဒါဆိုသူငယ်ချင်းတွေ
နူတ်ဆက်ကြအုံးး‌လေ.."

ဒေါ်ချိုချိုဆန်းကအိမ်ထဲဝင်သွားတော့ခြံရှေ့မှာ
သူတို့၄ယောက်သာကျန်ခဲ့ကြသည်သူတို့ပြန်ဖို့
ကားသမားကလဲရောက်နေပီမလို့မြန်မြန်
နူတ်ဆက်ဖို့သာပြင်လိုက်သည်
စံမြန်းနဲ့ရတီကတစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး
မျက်ရည်လေးဝဲတဲတဲဖြစ်နူတ်ဆက်နေကြလေသည်

ကန့်သတ်နယ်မြေWhere stories live. Discover now