Unicode"သက်တန့်နင်အဆင်ပြေလား"
စံမြန်းက လေတိုက်သွားတာကြောင့်သက်တန့်
အဆင်ပြေလားလို့စိတ်ပူစွာမေးလိုက်မိသည်
ဒါပေမဲ့ပြန်ရလိုက်တာကသက်တန့်ရဲ့
အေးစက်စက်အကြည့်တစ်ခုကိုပင်"ပြေတယ်"
"အေးပါ"
ရတီကစံမြန်းဘက်ကိုလှည့်ပြီး
"စံမြန်းနဲ့စေရာကအရပ်ရှည်တော့အပေါ်ကကျော်
ရတာပေါ့ ငါတို့ကြတော့ကံကောင်းလိုက်တာ
အားမသုံးရတော့ဘူးလေအောက်ကဝင်တော့
ဟုတ်တယ်မလားအမ"သက်တန့်ကခေါင်းသာငြိမ့်ပြလေသည်
စံမြန်းဆိုတာကလဲအရပ်ရှည်ပြီးအားလုံးထဲ
မှာခန္ဓာကိုယ်နည်းနည်းပိုထွားပြီးအကြောင်း
မသိတဲ့သူဆိုအသက်အကြီးဆုံးဟုထင်ရသည်
သူမကဘောင်ဘီရှည်ဝတ်ထားတာကြောင့်
သူမအရပ်နဲ့လွန်စွာကြည့်ကောင်းနေတာပေါ့
ဆံပင်ကိုနောက်မှအမြင့်မြှောက်စီးထားပြီး
အရှေ့မှာကျနေတဲ့ဆံပင်စလေးများကြောင့်
သူမအလှကိုပိုကာထင်ပေါ်စေနေသည်
အခုချိန်အားလုံးတစ်ယောက်တစ်မျိုးဆီ
မိမိုက်နေကြလေသည်စေရာဆိုဆံပင်ကိုဂုတ်ဝဲလေးအတိုင်းချထားပြီး
မျက်နှာဖွေးဖွေးလေးပေါ်မှာဝဲကျနေသေးသည်
အနက်ရောင်မိန်းကလေးဝတ်ဂျာကင်နဲ့
ဂျင်းဘောင်ဘီဖြူကိုဝတ်ထားတာကြောင့်
သူမပုံကရင့်ကျပ်မူများအပြည့်သက်တန့်ကတော့ဆံပင်ကိုခပ်လျော့လျော့လေး
ထုံးကာအရှေ့မှာလဲဆံမိတ်လေးချထားပြီး
တီရှပ်အနီလေးပေါ်မှအနက်ရောင်လက်ရှည်
လေးထပ်ဝတ်ထားကအောက်မှာတော့
ဘောင်ဘီရှည်ခပ်ပွပွလေးကိုဝတ်ဆင်ထားသည်ရတီဆိုသည်မှာလဲအရပ်ကလေးကခပ်ပုပုလေး
ဆိုပေမဲ့ကြည့်ကောင်းတဲ့အထဲမှာပါသည်သူမက
အပြာရောင်လေးဝတ်ထားတာကြောင့်
အသားတောင်ပိုဖွေးသွားသလိုပင်ထင်ရသည်"ဒါနဲ့ငါခုနကမြင်လိုက်တာ လေကငါတို့နားပဲ
တိုက်နေတာလားမသိဘူးသစ်ပင်တွေကြတော့
မလှုပ်ဘူးနော်"စံမြန်းရဲ့အပြောကိုရတီကထောက်ခံစွာခေါင်း
တစ်ဆက်ဆက်ငြိမ့်ပြီး
YOU ARE READING
ကန့်သတ်နယ်မြေ
HorrorGLပါကောင်မလေးနှစ်ယောက်ရဲ့အချစ်ကိုလဲ မြင်ရမှာဖြစ်ပီးတော့သရဲခြောက်တဲ့အိမ်ကြီး ကိုအတူတူရောက်သွားပြီးစွန့်စားကြပုံကို ဖတ်ရမှာဖြစ်ပါတယ်