Part.14

854 76 2
                                    

Unicode

"သက်တန့်ထမင်းစားရအောင်လေအောက်မှာ
အန်တီစောင့်နေတယ်"

"ငါမစားချင်ဘူးနင်ပဲအမေနဲ့သွားစားလိုက်နော်"

"သက်တန့်!!ငါကနင့်ကိုစိတ်ပူလို့ငါ့အမေကိုပြော
ပြီးနင်နဲ့အတူဒီမှာလာနေပေးတာနော်...နင်က
အဲ့လိုကြီးမနေပါနဲ့ဟာလာ..ထနော်ထမင်းသွား
စားမယ်"

"ကျစ်..မစားချင်ပါဘူးဆို"

"မရဘူးလာ"
စံမြန်းကိုအန်တီချိုကသက်တန့်နဲ့အတူလာနေ
ပေးရန်ခွင့်တောင်းတာကြောင့်သက်တန့်နဲ့အတူ
လာနေပေးနေခြင်းပေသူလာနေပေးတော့လည်း
အရင်လိုတက်တက်ကြွကြွမရှိတဲ့သက်တန့်ကို
စံမြန်းအားမရပေ ဘာဖြစ်နေလဲမေးရင်လဲ
ဘာမှမဖြစ်ဘူးဟုသာပြန်ဖြေတာကြောင့်ဘာလုပ်‌
ပေးရမလဲမသိ..အခုလဲမနက်ထဲကဘာမှမစား
သေးလို့ထမင်းစားရအောင်လာခေါ်တော့လဲ
မစားချင်ဘူးပဲငြင်းနေလို့လက်ကနေဆွဲခေါ်
လာခဲ့လိုက်သည်

"ကဲ..လာထိုင်ကြသမီးးဒီရက်ပိုင်းဘာဖြစ်နေတာ
လဲကွယ်တမိုင်မိုင်တထွေထွေနဲ့အမေစိတ်ပူရ
အောင်မလုပ်စမ်းပါနဲ့"

"ဘာမှမဖြစ်ပါဘူးအမေရဲ့.."

"ဘာကိုဘာမှမဖြစ်ရမှာလဲအရင်လိုမဟုတ်တော့
တာတော့အသေချာပဲသမီးကာတွန်းကား
ကြည့်ချင်လားအမေကူးပေးမယ်လေ
အဲ့လိုကြီးမနေစမ်းပါနဲ့"

"ဘာမှမဖြစ်ပါဘူး..အမေရယ်"

"ဟူးးဒါဆိုဘာလို့ထမင်းမစားတာလဲသမီး
အကြိုက်တွေပဲချက်ထားပေးတာလေ...
နေမကောင်းလို့လား"

စံမြန်း-"ဘာမှမဖြစ်ပါဘူးအမေရယ်"

"ဟေ"

"စံမြန်းရာမနောက်စမ်းပါနဲ့"

ဒီစကားပဲထပ်ပြောတော့မဲ့သက်တန့်ကြောင့်
စံမြန်းကရွဲ့ပြီးအရင်ကြိုပြောလေတော့သည်

"မဟုတ်လို့လားနင်ဒါပဲပြောနေတာလေသက်တန့်
အရင်လိုငါတို့နှစ်ယောက်သရက်သီးသွားခိုး
ကြမယ်လေဟိုဘက်အိမ်ကလူပျိုကြီးခြံမှာ
သရက်သီးတွေမှဟာ..အများကြီးပဲ"

"ငါမသွားချင်ပါဘူးဟာ..နင်ပဲသွားလိုက်...
အမေသမီးစားလို့ဝပြီ..သွားအိပ်အုံးမယ်"

ကန့်သတ်နယ်မြေWhere stories live. Discover now