Part .12

870 83 9
                                    

Unicode

အခုဆိုဒီအိမ်ကြီးထဲကမကျွတ်မလွတ်ဖြစ်နေတဲ့
သူတွေအားလုံးကိုကုသိုလ်လုပ်ပေးပြီးးအမျှ
အတန်းပေးဝေခဲ့ကြသည်အားလုံးသာဓုခေါ်နိုင်
မယ်ဆိုတာသူမတို့အားလုံးယုံကြည်ထားကြသည်
အိမ်ရဲ့ပုံစံကိုသူမတို့တက်နိုင်သလောက်လေး
ပိုက်ဆံစုကပြန်ပြုပြင်ပေးထားသည်အရင်လို
အိမ်ဖြူညစ်တစ်တစ်ကြီးမရှိတော့ပဲအေးချမ်း
တဲ့အပြာရောင်လေးကနေရာယူထားပြီးး
မိဘမေတ္တာမဲ့နေတဲ့အရွယ်မရောက်သေးသော
ကလေးလေးတွေအတွက်"မိဘရင်ခွင်"ဆိုတဲ့
ဂေဟာလေးဆောက်လုပ်လှူဒါန်းခဲ့ပြီးးဒီအိမ်ကြီး
ရဲ့အတိတ်ဆိုးတွေကိုချေဖျက်နိုင်ခဲ့ကြသည်
သူမတို့လေးယောက်စလုံးးဒီအိမ်ကြီးကို
မိဘမေတ္တာငတ်နေတဲ့ကလေးလေးတွေအတွက်
အသုံးပြုနိုင်ခဲ့လို့အလွန်ဝမ်းသာနေကြရသည်
အခုဆိုသက်တန့်မေက"မိဘရင်ခွင်"ဂေဟာလေး
ရဲ့ဂေဟာမှူးပေါ့သူမနဲ့အတူစံမြန်းကလဲ
အရွယ်မရောက်သေးတဲ့ကလေးတွေကိုအတူ
ပြုစုပျိုးထောင်ပေးဖို့ဆုံးဖြတ်ထားသည်

သူမတို့လေးယောက်အိမ်လေးအတွင်းသန့်ရှင်း
ရေးလုပ်နေကြရင်းသက်တန့်ကစကားစလိုက်
လေသည်

"ငါတော့မယုဇနအတွက်အရမ်းဝမ်းသာတာပဲ
သိလားး..သူလူတွေသတ်ပြီးပူလောင်နေတဲ့
ဘဝကနေအခုလို‌အေးအေးချမ်းချမ်းနဲ့ဘဝကူး
နိုင်တာရော..ပြီးတော့သူချစ်တဲ့အိမ်ကြီးကို
လူမဖြစ်သေးတဲ့ကလေးတွေအတွက်အသုံး
ပြုပေးနိုင်ခဲ့တာရောငါကတော့ကျေနပ်တယ်"

စေရာစကားကြီးစကားကျယ်ပြောနေတဲ့
တစ်ယောက်ကိုဂျိုကြည့်ကြည့်ပေးလိုက်ပြီးး

"ဒီမှာ..မင်းကဂေဟာမှူးနော်..ကောင်းကောင်း
အုပ်ချုပ်နိုင်မယ်လို့တော့ထင်တာပဲ...ပြီးတော့
မင်းရဲ့စွာတေးလန်နေတဲ့အကျင့်ကိုကလေး
တွေဆီမသင်ပေးနဲ့အုံးနော်"

"ဒီမှာ....နင်ကြည့်ပြောနော်.ငါက‌စွာတယ်ဆိုရင်
နင်က...ကပ်ကပ်လန်နေတာလေ..ဟက်
သူမသာ...ကိုယ်သူတောင်းစားပဲ.."

ထိုအခါစံမြန်းကသက်တန့်ဘက်ကိုလှည့်ပြီး

"သူမသာကိုယ်မသာမဟုတ်ဘူးလား"

ကန့်သတ်နယ်မြေWhere stories live. Discover now