Part.15(Final)

1.4K 89 33
                                    

Unicode

(၂နှစ်ခန့်ကြာသော်)

"ကလေးတွေနေပူထဲထွက်မဆော့ရဘူး"

"ဟုတ်ကဲ့"

"အရိပ်ထဲမှာပဲဆော့ကြနော်ဖျားရင်ဆေးထိုးရမှာ
အပ်အကြီးကြီးနဲ့လေမကြောက်ဘူးလား"

"ကြောက်တယ်!!"

ထိုသို့ပြောတော့မှနေပူထဲထွက်မဆော့ကြတော့ပဲ
သစ်ပင်အောက်ကအရိပ်မှာသာထိုင်ဆော့နေကြ
တော့သည်အခုဆိုအချိန်၂နှစ်ဆိုတာကုန်လွန်သွားခဲ့တာနဲ့အမျှ‌အရာအားလုံးဟာပြောင်းလဲ
ခဲ့ကြသည်ဂေဟာလေးမှာမိဘမဲ့ကလေးလေးတွေရောက်ရှိလာပြီးးဒီအိမ်ကြီးရဲ့အရိပ်မှာ
ခိုလှုံနေကြရသည်ဂေဟာလေးရဲ့ခြံကွင်းအတွင်း
ကလေးများအပူအပင်မရှိဆော့ကစားနေကြတာ
ကိုသက်တန့်ဒီအတိုင်းလေးသာကြည့်နေမိသည်

"မမ..သမီးပုံဆွဲပြီးသွားပီ"

"ဟုတ်လားပြပါအုံး"

ကလေးတွေထဲမှာပြေးတိုင်းလိုက်တိုင်းကစားနေတဲ့ကလေးတွေရှိသလိုသစ်ပင်အောက်မှာပုံထိုင်
ဆွဲနေတဲ့ကလေးငယ်များလဲရှိတာကြောင့်
ထိုထဲမှ8နှစ်အရွယ်ကလေးမလေးကသူဆွဲထား
တဲ့ပုံလေးကိုသက်တန့်အားလာပြလေသည်

"သမီးကတော်လိုက်တာဒါနဲ့အခုကဘာပုံ
ဆွဲထားတာလဲဟင်"

"ဟွန့်..မမကလဲတော်တယ်လို့ပြောပြီးဘာပုံလဲ
ကြတော့မသိဘူးလား"

သက်တန့်က..ကလေးတွေကိုစိတ်ချမ်းသာစေချင်တော့ပုံလှလှမလှလှတော်တဲ့အကြောင်း
ချီးမွမ်းလေ့ရှိသည်ဒါပေမဲ့အခုကြတော့
ကလေးမလေးဆွဲထားတဲ့ပုံကဘာပုံမှန်းမသိ
တော့ဒုက္ခရောက်နေလေပြီ

"ဟားဟားးသက်တန့်မေတို့ကတော့အခုထိ
အကျင့်ကမပျောက်သေးဘူးး"

စံမြန်းကလှောင်သလိုကြည့်ပြီးပြောနေတာ‌ကြောင့်သက်တန့်ဂျိုကြည့်..ကြည့်ပေးလိုက်သည်.....

"..သမီးဆွဲထားတဲ့ပုံက
မျက်လုံးကလဲပြူးနေတယ်ပြီးတော့ဆံပင်ကလဲ
တစ်ချောင်းနှစ်ချောင်းပဲရှိတာဆိုတော့သိပြီ
သရဲမပုံဆွဲထားတာမလား"

"ဟွန့်မမကလဲသမီးကမမပုံကိုဆွဲထားတာ"

"ဟ"

ကန့်သတ်နယ်မြေWhere stories live. Discover now