00

536 39 6
                                    

မွေးဖွားလာသည်မှ သေဆုံးသည်အထိ လူတိုင်းသည် သံယောဇဉ် မေတ္တာ အချစ် ထိုအရာတွေနဲ့ ထိတွေ့ရမှာ မလွဲဧကန်ပင်

ထိုအထဲတွင် အမုန်းသည်လဲ မပါမဖြစ်ပေါ့

ပေါချာလောင်းလည် လိုက်နေတဲ့ ငါ့ဘ၀ထဲမှာတော့ အဲ့တာတွေမရှိခဲ့ဘူး။
မွေးကတည်းတစ်ယောက်တည်းမလို့ သောက်ဂရုစိုက်စရာမရှိတာလဲ ပါတယ်
အဲ့တော့ ငါ့ဘ၀မှာ ငါတစ်ယောက်တည်းပဲ သာယာနေတယ်ပြော‌ရမှာပေါ့
ဒါပေမယ့် လောကဇာတ်ခုံဆိုတာ အဲ့လောက်မလွယ်ဘူးရယ်

သောက်ကြောတင်းတဲ့ ငါလေးဆီကို ဘယ်ကမှန်းမသိတဲ့ နတ်သားလိုလို နတ်ဆိုးလိုလို ဘာလိုလို သောက်ကြောရှည်ကလေးရောက်လာကတည်းက ဇောက်ထိုးမှောက်ခုံဖြစ်ပါတော့တယ်

အော်......မိတ်ဆက်ရအုံးမယ်သူ့ နာမည်က Victoryတဲ့

"ကင်ဆော့ဂျင်း အဲ့နေရာကနေ ရွေ့မလာရင်
ကို ဘောင်းဘီချွတ်ရိုက်မှာနော် အေး သိချင် စမ်းကြည့်လိုက်"

"အားးးး ငါ့လို လူမိုက်ကြီးက ဒီသောက်ကလေးကို ပြန်ကြောက်နေရတယ်ဟေးးး"

လောက ချဉ်ဖတ်လေး လူမိုက် ဆော့ဂျင်းက
ချောသလောက်မာယာများတယ် ရိုင်းစိုင်းတယ်
ရန်ဖြစ်တဲ့နေရာမှာတောင် မျက်ခုံးမတွန့် လက်မရွံ့တဲ့ လူစားမျိုး။။။

သောက်ကျိုးနည်း ရန်ဖြစ်ရင်း အရိုက်ခံရတာကနေ ဘယ်လိုကောင် ငါ့ဆီရောက် အဲ့ ငါက ဘယ်လို ရောက်သွားတာလဲ ဆိုတာတော့ ဆက်ဖတ်ကြပါရို့.........

...............=

လုပ်ငန်းလုပ်ရင် အတိုက်အခိုက်များတာက မဆန်း သို့သော် ကင်ဆော့ဂျင်းတို့က လက်မပါရရင်ကို ထမင်းစားမ၀င်
မျိုးကွဲ ဂိုဏ်းတူတွေစုနေတဲ့မြေအောက်လောက်ကမှာတော့ ကင်ဆော့ဂျင်း က ဆရာတစ်ဆူ ရန်လဲများသလို မိတ်လဲတောင့်သည်။

သူ အလုပ်လုပ်ဖူးသော ခေါင်းဆောင်ကြီးထောင်ထားတဲ့ ဂိုဏ်းကနေ ကွဲထွက်လာကြတဲ့ သူတို့လိုလောက က လူတွေကလည်းများသား။

စပ်တူလုပ်ရင်းကနေ ရန်ဖြစ်ကြသလို ရန်သူရဲ့ ရန်သူကို မိတ်ဖွဲ့ပီးလည်း လုပ်ငန်းလုပ်ကြတာတွေလဲရှိတယ်။

ထို့ကြောင့် မျိုးကွဲ ဂိုဏ်းတူလို့ပြောရခြင်းဖြစ်သည် ဒီဂိုဏ်းလက်ထွက်အတူတူတွေဆိုပေမယ့် အမျိုးအစားတွေကွဲသွားခြင်းသာ။

ကဲ လျှာရှည်မိသွားပီ ဇာတ်လမ်းပြန်ဆက်မယ်။
မြေအောက်လောက အကြောင်းရှည်နေရင် လိုရာမရောက်ပဲနေမယ်။

အဲ့တာနဲ့ သူလဲ လုပ်ငန်းလုပ်ရင်း  တစ်ဖက်ကို ဂျင်လှည့်သလို လှည့်လိုက်တာ ဟိုဘက်က စိတ်တိုပီး ချကြတော့ ဆော့ဂျင်းအကြိုက်ပေါ့။

သို့သော် ကံတရားက ကျီစယ်လွန်းသည်။

ရန်ဖြစ်ကြရင်း နောက်ကနေ ချောင်းရိုက်ခံရတာလောက် စောက်သည်းပေါက်တာမရှိဘူး!!!!
ငါရိုးပဲဟ!!!ငါပဲလုပ်မယ် ငါ့ကိုလုပ်တာတော့မခံဘူးဟေ့

(စာရေးသူ:: ̄ᴥ ̄☞သူများကျလုပ်ပီးသူခံရ
                                တော့ ဆဲတယ်

ဆော့ဂျင်း       ::ပါးစပ်ပိတ်စမ်း!ಠ益ಠ)

အသေသတ်သော လက်နက်တွေမသုံးကြသော်လည်း လက်ပါတတ်တဲ့ဂိုဏ်းတွေချည်းမလို့ တုတ်နဲ့ပဲ ရိုက်ခံလိုက်ရပေမယ့်
ဘာလို့ စောက်ကျိုးနည်းဝိညာဥ်ကပြောင်းသွားရတာတုန်း!!!!!

ကံဆိုးသူဆော့ဂျင်းလေးကျွန်တော်ဟာ ရှစ်နှစ်သာရှိသေးတဲ့ ကလေးကိုယ်ထဲရောက်ရှိသွားပါတော့တယ်။

အဲ့အချိန်က စပီး အကျိုးနည်း ကလေးဘ၀စခဲ့တာပေါ့

Ꮢ U ꇙ꒤ᏒᎬ ?Where stories live. Discover now