03

193 27 9
                                    

ဆော့ဂျင်း ကူးပြောင်းလာတဲ့ အချိန်ကနေ ဒီနေ့ထိဆို တစ်ပတ်တောင်ရှိနေပီဖြစ်သည်။ မျက်မှန်မတတ်ရင် မမြင်နိုင်တဲ့ ခန္ဓာကိုယ်ကို သူသဘောမကျတာတော့အမှန်ပင်။ သေချာတယ် အဲ့ကြောင့်လည်း ဒီကလေးကို အနိုင်ကျင့်ကြတာနေမှာ ဒါပေမယ့် သူက ဘယ်သူလဲ ကလေးမဟုတ်တဲ့ Bad guyလေး ကင်မ်ဆော့ဂျင်းလေ သူများအနိုင်ကျင့်တာ ခံနေရလောက်တဲ့အထိ ဆော့ဂျင်တို့က အငြိမ်မနေတတ်ဘူး

သူနေကောင်းပီး သုံးရက်ကြာတော့ သူ့ကို အနိုင်ကျင့်နေကြလို့ ပြောတဲ့ကလေးသုံးယောက်လောက်က သူ့ရှေ့ရောက်လာခဲ့တယ်။

"ဟို လေးလုံးကောင် မင်းကို မာသာကြီးပေးထားတဲ့ မုန့်ထုပ်တွေ ထုတ်ပေးစမ်း"

"လိ့မို့ ပေးရမှာလား အားအားစားစား မရှိဘူး ဒိုး"

"ဘာကွ ငါတို့ ခိုင်းဖက်ကများ အာခံချင်နေတယ် ကြည့်ရတာ အရိုက်မခံရတာကြာပီမလို့ထင်တယ် ဟိုကောင်တွေ ချုပ်ထား!!"

ကျစ် ကလေးကွက်တွေနဲ့ နှစ်ယောက်လောက်ပေါင်းချုပ်ပီး ရိုက်တာခံရအောင် ဆော့ဂျင်းကို အချဉ်မှတ်လို့

လာမချုပ်ခင်ထဲက ပထမတစ်ယောက်ကို ရင်ဝဆောင့်ကန်လိုက်ပီး ဒုတိယတစ်ယောက်ပါးကို ဖြတ်ရိုက်ပလိုက်တယ်။

အားလားလား သူများကို ရိုက်လိုက်ရပေမယ့် နုဖတ်နေတဲ့ သူလက်လေးပါ ပြန်နာသွားရတဲ့ အဖြစ်။မျက်ရည်တောင်စို့သွားတယ် အဟင့်!

မျက်ရည်ဝိုင်း‌ပီး သူ့လက်လေးကို သနားကမားပြန်ငုံ့ကြည့်နေတဲ့ ဆော့ဂျင်းကို ကြည့်ပီး အရိုက်ခံလိုက်တဲ့ နှစ်ကောင်တောင် ကြောင်‌သွားတယ်။

အရိုက်ခံလိုက်ရတာ သူတို့လေ ဘယ်နှယ့် သူက ငိုနေတာတုန်း

ခေါင်းဆောင်လိုလို‌ နှာပီစုတ်ကလေးက
တစ်ခါမှ သူတို့လူ အရိုက်မခံရဘူးတဲ့အပြင် ရိုက်လိုက်တဲ့သူက သူတို့ အနိုင်ကျင့်နေကျ ခွေးစုတ်လေးဖြစ်နေတယ် ဆိုတဲ့ စိတ်ကြောင့် ပိုဒေါသထွက်သွားတယ်

ဒေါကြီးမာန်ကြီးနဲ့ ပြေးသွားပီး ရိုက်ဖို့ လုပ်နေတဲ့ ကလေးက ဆော့ဂျင်းရဲ့ မော့ကြည့်လာတဲ့ မျက်ရည်တွေပြည့်နေတဲ့ဖန်ဂေါ်လီလုံးလေးလို မျက်လုံးတောက်တောက်လေးတွေကို မြင်တော့ ကြောင်ပီး ရပ်လိုက်မိတယ်။

Ꮢ U ꇙ꒤ᏒᎬ ?Where stories live. Discover now