ဆော့ဂျင်းနား ဟိုပေါ်က စွန်လေး ယူပေးပါလားဟင်
ခပ်မြင့်မြင့်သစ်ပင်တစ်ခုကို လက်ညိုးထိုးပြနေတဲ့ ကလေးလေးတစ်ယောက် ဆော့ဂျင်းမုန့်စားနေရင်း မော့ကြည့်လိုက်တော့ အပြာနုရောင် စွန်လေးက သစ်ကိုင်းတစ်ခုနဲ့ချိတ်ပီး လေထဲမှာတစ်လွင့်လွင့်
မုန့်ထုတ်လေးကို သေချာပြန်ထုတ်လိုက်ပီး
လက်ကို အားရပါးရ ခါကာ ထလိုက်သည်။
အခုဆို သူက ကလေးပေါက်စတွေကြားထဲ
အားကိုးရာဖြစ်နေသလို
အရင်ဘဝက မရခဲ့ဘူးတဲ့အေးချမ်းမှုတွေရနေတဲ့
ဒီကလေးကိုယ်ထဲမှာ သူနေသားကျနေပီ။ဘာမဆိုဆို လာအကူညီတောင်းတဲ့ကလေးတွေကြားထဲမှာ သူကဟီးရိုးပဲ သူလည်းကလေးပဲဖြစ်နေပေမယ့်လို့ပေါ့
ဝေ့ဝိုက်ကြည့်လိုက်တော့ နှစ်ဖက်ထောက် လှေကားအနီလေးက ကျောင်းရဲ့ နံရံနားမှာ
"ဝေ့ ဟိုနှစ်ယောက်"
အဲ့နားမှာ ခပ်ဆူဆူထိုင်နေတဲ့ ကလေးနှစ်ယောက်ကိုလှမ်းခေါ်လိုက်တော့ မျက်လုံးပြူးပြူးလေးနဲ့ ကြည့်လာတယ် ဒီကလေးနှစ်ယောက်ကတော့ ဟိုတစ်ခါ ဆော့ဂျင်း လက်ရာမိသွားတဲ့ကလေးတွေပါပဲ
ဒီကိုခဏပုံစံနဲ့ လက်ယက်ခေါ်လိုက်တော့ ပြေးလွှားရောက်လာသည်။
ဆော့ဂျင်းလေးထက်လူကောင်ကြီးပေမယ့်
ဆော့ဂျင်းကို ကြောက်နေရတာက လက်သီးကြောင့်ဆိုလည်းမမှားဘူး"ငါတို့ ဒီလှေကား မ'ပီး ဟိုအပင်နားရွေ့ချင်လို့ကူပေးမလား"
"အင်း ဆော့ဂျင်း ငါတို့ ကူပေးမယ်"
ဆော့ဂျင်းကို သူတို့ကြောက်ပေမယ့် သူက စိတ်ထားကောင်းတယ် သူ့သူငယ်ချင်းတွေကိုလည်း ကူပေးပီး
သူတို့ဆို မုန့်တွေမျှပေမယ့် စိတ်တိုရင်တော့ကြောက်ဖို့ကောင်းတယ်။ အနားသိပ်မကပ်ဖြစ်ပေမယ့် ဆော့ဂျင်းက သူရန်စခံရင်ကလွဲရင် သဘောကောင်းတာမလို့ သူတို့ ဆော့ဂျင်းဘာခိုင်းခိုင်း လုပ်ပေးဖို့တွေးပီးသား ပီးတော့ အခုမှ သတိထားမိတာ ဆော့ဂျင်းက မျက်မှန်မပါရင် သူ့မျက်လုံးတောက်တောက်လေးက အရမ်းကြည့်ကောင်းတာဆိုတာပဲ

YOU ARE READING
Ꮢ U ꇙ꒤ᏒᎬ ?
Fanfiction"ကျွန်တော်ရဲ့ အချစ်က ကလေးပေါက်စကနေ စပါတယ် အဲ့ကလေးက လူဆိုးလေးဖြစ်ပေမယ်လို့ပေါ့" "I'm bad~~~~~~~guy~~~ဒွန် တွန် ဒွန် တွန် တွန် တွန် " မျက်မှောင်တစ်ချက်ကျုံ့မိကာ မျက်ခုံး နှစ်ခုကြားအစပ်ကို လက်ဖြင့် ဖိလိုက်သည်။ "ကျစ် ငြိမ်ငြိမ်နေပါတော့!!!!!!!"