09

163 22 4
                                    

ဒေါက်' ဒေါက်'

"ဆော့ဂျင်းလေး သား Ommaဝင်ခဲ့မယ်နော်"

အန်တီကင်ရဲ့ အသံကြားတာကြောင့် သူအပျင်းတစ် နေရာကနေ ခပ်မတ်မတ်ထိုင်လိုက်သည်။

အခန်းတွင်းသို့ တည်တည်ငြိမ်ငြိမ်ဝင်လာတဲ့ အန်တီကင်မ်က အသက်အရွယ်ပင် မခန့်မှန်းနိုင်‌အောင် နုပျိုနေဆဲပင်။

ထိုအမျိုးသမီးက သူ့ကို မွေးစားထားတယ်ဆိုပေမယ့်  သူ့ကို သားအဖြစ်ထင်ရလောက်အောင် ဂရုစိုက်ပေးသည်။

ရှစ်နှစ်အရွယ် မိဘမဲ့ဖြစ်နေခဲ့ဖူးသောကလေးအတွက် ဒီလိုနွေးထွေးစွာဆက်ဆံမှုကို သဘောကျလောက်ပေမယ့် သူကတော့ သတိသာထားနေသည်။

အန်တီကင်မ်ကို မယုံတာမဟုတ်ပဲ သူ့ကံကြမ္မာကို မယုံတာပင်။ကောင်းတာလာနေတုန်း အဆိုးဝင်တိုးခံရတဲ့ သူ့အရင်ဘဝကြီးက သက်သေလေ။

"နေ့လည်က ဆေးပြတာအဆင်ပြေလား ကလေး"

"ဟုတ်အဆင်ပြေပါတယ် အန်တီကင်"

"Ommaလို့ပဲ ခေါ်ပါ ဆော့ဂျင်းလေး အန်တီဆိုတာက မိသားစုမှ မဆန်တာလေနော်"

"ဟုတ် Om...Omma"

ကျေနပ်ပြုံးလေးနဲ့ ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်လာတဲ့ အထိအတွေ့က သူ့ကိုယ်တွင်းက သွေးကြောတွေကို နွေးထွေးမှုလှိုင်းလေးများ ဖြတ်သန်းသွားစေသည်။

မိဘဆိုတဲ့ အရာကို သူတစ်ကယ် ရရှိနေပီလား။
ဒါကတကယ်သူမက်မောလို့ ဖြစ်ရဲ့လားဆိုတာတောင် သူတွေးနေမိပီ။ဟူး....လူကြီးစိတ်ဖြစ်ရတာလည်းမလွယ်ဘူး။ အကုန်အတွေးလွန်ရတယ်။

ခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပွတ်ပေးတော့ နှစ်လိုဖွယ် မျက်လုံးလေးနဲ့ သူမကို မော့ကြည့်လာတော့ သူမပြုံးမိလိုက်သည်။

အစကတော့ သားငယ်ထယ်လေးကံကြမ္မာအတွက် ရှာပီးမွေးစားတာဆိုပေမယ့် ဒီကလေးကို မွေးစားမိတာကလည်း သူမတို့ရေစက်တွေပဲမလို့ ဒီကလေးကို သူမသားအရင်းလေးလိုပဲ ဂရုစိုက်ချစ်ပေးချင်တယ်။

အသက်ရှစ်နှစ်ဆို စဉ်းစားတတ်တဲ့ အရွယ်ရောက်နေပေမယ့် ဒီကလေးကို တကယ်မိဘတွေလို ရင်းနှီးအောင် ကျင့်ယူရမှာ အခက်အခဲမရှိလောက်ပါဘူး။ ဒီကလေးက ဒီလောက်ဉာဏ်ကောင်းတာ သူမတို့စိတ်ကိုလည်း နားလည်မယ်လို့ ထင်တာပဲ။

You've reached the end of published parts.

⏰ Last updated: Mar 13, 2024 ⏰

Add this story to your Library to get notified about new parts!

Ꮢ U ꇙ꒤ᏒᎬ ?Where stories live. Discover now