ရောက်လာတဲ့ နေရာကိုစူးစမ်းမိတော့ ရှေးခေတ်နန်းတွင်းကားထဲကလို အိမ်အများစုက ညီညီညာညာတည်ရှိနေသည်။
အိမ်အများစုက ဟောင်းနွမ်းနေပေမယ့် သန့်ရှင်းနေသော ခြံ၀န်းများကြောင့် မျက်စိပသာဒဖြစ်စရာပင်။
Ommaနောက်က လိုက်ရင်း လမ်းတစ်လျှောက်ကြည့်မိတော့ အိမ်အချို့မှာ လူအနည်းစုလောက်စုဝေးနေကြတာကိုတွေ့ရသည်။ပြီးတော့ ထူးခြားတာက ထိုလူများက ရှေး၀တ်စုံများဖြင့် နေနေကြခြင်းပင် ထူးဆန်းလိုက်တာ ရိုးရာကို ထိန်းသိမ်းတဲ့ အိမ်အနည်းစုကို တွေ့ဖူးပင်မယ့် မြင်လာရတဲ့ ရွာတစ်လျှောက်လုံး ဒီလိုရိုးရာ၀တ်စုံချည်းနေတဲ့ ပုံစံမျိုးမတွေ့ဖူးပါ။
ပီးတော့ Ommaနဲ့ကျွန်တော့်ကို ထူးဆန်းသလိုကြည့်နေတာကြောင့် ကျောထဲ အအေးနဲ့ တို့ခံရသလို စိမ့်တက်လာတာမို့ Ommaနားကို ပြေးကပ်လိုက်သည်။ driverကတော့ ကားနားမှာပဲ နေခဲ့တာမလို့ သူတို့သားအမိနှစ်ယောက်တည်းသာ ဖြစ်နေသည်။
"ဟဲ့ ကလေး ဘယ်လိုဖြစ်လို့ ဇွတ်ကပ်တိုးနေရတာတုံး ကြီးကောင်ကြီးမားနဲ့ တကယ်တည်း"
"Omma သွားတဲ့နေရာကကော ဟုတ်ကော ဟုတ်ကော ဟုတ်လို့လား။ တော်ကြာ လျှို့ဝှက် လူသတ်ခံရတာတို့ အလောင်းဖျောက်ခံရတာတို့ ပြန်ပေးဆွဲတဲ့နေရာမျိုးဆို ဘယ်လိုလုပ်မတုန်း Ommaက သားကို အဲ့လိုနေရာမျိုး ခေါ်သွားရက်သလား သားကို ဒီလိုနေရာမျိုး ထားခဲ့ရက်သလား"
ဂွက်!!!
အခေါက်ခံလိုက်သော ခေါင်းကတော့ ပူထူသွားရ၍ လက်ဖြင့် ဖိပွတ်နေလိုက်ရသည်။
"အာ Omma!!!"
ဇာတ်ကားတွေ အကြည့်လျှော့စမ်းပါ ဘာမှမရှိဘူး ဒါက ယဉ်ကျေးမှုကို မြတ်နိုးလွန်းတဲ့ ရွာမလို့ ရှေးရိုးရာမပျက်နေကြတာ မင်းနဲ့မှ မဟုတ်တရုတ်တွေဖြစ်ရတော့မယ် တော်တော်ပေါက်ကရတွေးတဲ့ လူဆိုးလေး"
"မသိဘူးလေ သူတို့ကြည့်နေပုံကြီးကလည်း ဘယ်လိုချည်းမှန်းမှ မသိတာ"
ပြောရင်းနှုတ်ခမ်းစူမိလိုက်တော့ အမေက ပြုံးကာ သူ့ကို ပွေ့ဖက်လာသည်။
أنت تقرأ
Ꮢ U ꇙ꒤ᏒᎬ ?
أدب الهواة"ကျွန်တော်ရဲ့ အချစ်က ကလေးပေါက်စကနေ စပါတယ် အဲ့ကလေးက လူဆိုးလေးဖြစ်ပေမယ်လို့ပေါ့" "I'm bad~~~~~~~guy~~~ဒွန် တွန် ဒွန် တွန် တွန် တွန် " မျက်မှောင်တစ်ချက်ကျုံ့မိကာ မျက်ခုံး နှစ်ခုကြားအစပ်ကို လက်ဖြင့် ဖိလိုက်သည်။ "ကျစ် ငြိမ်ငြိမ်နေပါတော့!!!!!!!"