နေခြည်ဖြန်းနေတဲ့ သစ်ပင်ပန်းမန်တွေကြား
မလန်းဆန်းနိုင်တာဟာ ထယ်ယောင်းတစ်ယောက်ပင်ဖြစ်လိမ့်မည်။ရုတ်တရုတ်ဆန်လှတဲ့ Ommaရဲ့ မွေးစားကောင်လေးခေါ်လာမှုမှာ သူစွံ့အနေရတဲ့အထိ ကြောင်နေမိတာ.....။
တစ်ဦးတည်းသောသားဆိုပီး အသက်နှစ်ဆယ့်ငါးအထိ ဖူးဖူးမှုတ် အလိုလိုက်ခံထားရသလို
တစ်ဦးတည်းသောသားအဖြစ် နေသားကျနေတဲ့ သူ့ဆီမှာ ညီလေးဆိုတဲ့ နာမည်အောက်က ကလေးတစ်ယောက် ရောက်လာတာပဲ။ဆယ့်ခြောက်နှစ်အထိကွာဟတဲ့ကလေးကို ခေါ်လာတာဆိုတော့ Ommaက ကလေးပြန်ထိန်းချင်နေတာလားဆိုတော့လည်း မဟုတ်ပေ။
ဟိုကလေးကဖြင့် ထိုင်ကိုယ်တော်ဘုန်းတော်ကြီးဝင်စားသလားထင်ရအောင် အုန်းမောင်းလေး တစ်တောက်တောက်မခေါက်ရုံတမယ် ငြိမ်နေတာများ
ဟွန်း ဒါလေးကို ဘာကြည့်မွေးစားလည်းမသိဘူး
အတွေးများနေတဲ့ သူက သူ့ဘေး ခဏခဏဖြတ်သွားဖြတ်လာလုပ်နေတဲ့ ဆော့ဂျင်းကိုတော့ လိုက်ကြည့်ဖို့မမေ့။
တစ်ဖက်ကဆော့ဂျင်းကလည်း ရောက်တာမကြာသေးတဲ့ ဒီနှစ်ရက်အတွင်း သူ့ကိုယ်သူ တည်ငြိမ်သူပုံစံဖမ်းပီးနေသည်။
သူ့ကိုမွေးစားပီး အိမ်ကိုခေါ်လာတဲ့လမ်းမှာ အန်တီချောချောက သူ့ကိုယ်သူ မိတ်ဆက်လာပီး
သူ့ဆီမှာ နှစ်ဆယ့်ငါးနှစ်ရှိပီဖြစ်တဲ့ သားတစ်ယောက်ရှိကြောင်း ကုမ္ပဏီအလုပ်ကို ဝင်နေပီဖြစ်ကြောင်းနဲ့ နဲနဲလေးဆိုးပေမယ့် နွေးထွေးတတ်ကြောင်းကို သူ့ကိုရှင်းပြနေသည်။သူအစက နားထောင်နေရင်းကနေ တကယ်အံ့ဩသွားတာ သားရှိတယ်တဲ့ သားအရင်းရှိနေတာတောင် သူ့ကိုခေါ်မွေးစားချင်တဲ့ ဒီအန်တီကြီးရဲ့ အကြောင်းအရင်းကို သူတကယ်သိချင်တယ်။
ရှစ်နှစ်သားကိုယ်ထဲဆိုပေမယ့် သူက အရင်ဘဝအသက်က နှစ်ဆယ့်ကိုးလေ သူဖြတ်သန်းခဲ့တဲ့ဘဝထဲမှာ ရတာရှ်ိရင် ပေးရမှာလည်းရှိတယ်ဆိုတဲ့ နိယာမကိုသိပီးသား။
မသိမသာ*သာ အသာလေးမှေးလိုက်ရင်း ကြုံလာမယ့် အန်တီရဲ့သားကိုသာ သူဘယ်လိုဆက်ဆံပေါင်းသင်းရမလဲ တစ်လမ်းလုံးတွေးလိုက်လာခဲ့သည်။
YOU ARE READING
Ꮢ U ꇙ꒤ᏒᎬ ?
Fanfiction"ကျွန်တော်ရဲ့ အချစ်က ကလေးပေါက်စကနေ စပါတယ် အဲ့ကလေးက လူဆိုးလေးဖြစ်ပေမယ်လို့ပေါ့" "I'm bad~~~~~~~guy~~~ဒွန် တွန် ဒွန် တွန် တွန် တွန် " မျက်မှောင်တစ်ချက်ကျုံ့မိကာ မျက်ခုံး နှစ်ခုကြားအစပ်ကို လက်ဖြင့် ဖိလိုက်သည်။ "ကျစ် ငြိမ်ငြိမ်နေပါတော့!!!!!!!"