ထယ်ယောင်းအတွက်တော့ဒီတစ်ပတ်က စိတ်အပျက်ရဆုံးပဲ သူဘာလုပ်လုပ် မျက်စိဒေါက်ထောက်ကြည့်နေတတ်တဲ့Ommaကို
Ommaရေ မျက်လုံးလေးကို တစ်နာရီလောက်ဖြစ်ဖြစ် သားဘက်မကြည့်ပဲနေပေးပါလားလို့ ပြောရမလိုပဲ company သွားတော့လည်း သွားလို့
အပြင်ထွက်တော့လည်း ထွက်လို့ လိုက်ကြည့်နေတတ်တဲ့ Ommaကိုလည်း သနားတယ်ဂျီမင်းတို့လာခေါ်ရင်တောင် ဘယ်သွားသွားလွှတ်ပေးတဲ့Ommaက ဒီတစ်ပတ်အတွင်းမှာ ဘယ်ကိုမှ အပြင်မထွက်ခိုင်းတော့ပါဘူး
သူလည်း ညဆို ပင်ပန်းပီး အိပ်နေတတ်လို့ ဂျီမင်းတို့ဆီ မသွားရတာ တစ်ပတ်ရှိနေပီ။
နောက်ပီး ဟိုနတ်ဆရာမအိမ်က ပြန်လာပီးတဲ့နောက်ပိုင်းရက်တွေမှာ နိုးလာတဲ့မနက်တွေဆို လက်တွေက ကိုက်ခဲပီး ဒဏ်ရာဒဏ်ချက်တွေနဲ့မလို့
မနက်ဆို ဆေးတွေလိမ်းရတာလည်း ဝဋ်တစ်ခုပဲ ဆေးနံ့မကြိုက်တဲ့ ကျွန်တော့်အတွက်ပေါ့
နောက်ပီး ဘာလို့ ဒီလိုတွေဖြစ်နေလည်းဆိုတာ ဒဏ်ရာတွေရတဲ့ကိုယ့်ကိုကိုယ်တောင်မသိခဲ့ပါဘူးOmmaကတော့ မနက်ဆို မျက်တွင်းညိုလေးနဲ့
လိုက်ကြည့်နေတတ်လို့ တကယ်ဝမ်းနည်းနေပီ
သားလည်း မသိပါပဲ ဘာတွေဖြစ်နေလည်းဆိုတာဒီနေ့တော့ Ommaက သူတစ်ယောက်တည်း ဟိုနတ်ဆရာမအိမ်ကိုသွားအုန်းမယ်ပြောတယ် သူ့ကိုလည်း အိမ်စောင့်ခိုင်းထားပီး ဘယ်မှ မသွားဖို့ ပြောထားတယ် companyရဲ့ ဒုCEOအနေနဲ့ မသွားမဖြစ်ပေမယ့် တောင်းဆိုသလိုပြောတဲ့ Ommaကြောင့် ဒီတစ်နေ့တော့ သူအိမ်မှာပဲနားနားနေနေ နေလိုက်တော့မယ်။
အသံပေးလာတဲ့ ဘဲလ်သံကြောင့် သူကောင်းကောင်းမနားရတော့ဘူးဆိုတာသိလိုက်တယ်
ဒီချိန်အိမ်ကိုလာမယ့်သူက ပက်ဂျီမင်းနဲ့ သူ့ရည်းစားအပြင်မရှိဘူး
"ဘာလို့ တန်းမလှပ်ပေးတာလည်း ဘဲလ်တီးနေတာကြာနေပီကို"
"မင်းမလို့"
"F**k!! ပဲ ကင်ထယ်ယောင်း"
"ဘေဘီ ကို့ကို မဆဲတော့ဘူးလို့ ဂတိပေးထားသလားလို့"
"ဟီး ဟီး အဲ့တာကျန်တဲ့အချိန်ပြောတာ ကင်ထယ်ယောင်းရှေ့မပါဘူး"

YOU ARE READING
Ꮢ U ꇙ꒤ᏒᎬ ?
Fanfiction"ကျွန်တော်ရဲ့ အချစ်က ကလေးပေါက်စကနေ စပါတယ် အဲ့ကလေးက လူဆိုးလေးဖြစ်ပေမယ်လို့ပေါ့" "I'm bad~~~~~~~guy~~~ဒွန် တွန် ဒွန် တွန် တွန် တွန် " မျက်မှောင်တစ်ချက်ကျုံ့မိကာ မျက်ခုံး နှစ်ခုကြားအစပ်ကို လက်ဖြင့် ဖိလိုက်သည်။ "ကျစ် ငြိမ်ငြိမ်နေပါတော့!!!!!!!"