တစ်ဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကြောင့် အံကိုကြိတ်လိုက်မိသည်။ မျက်လုံးတွေ ဖွင့်ကြည့်မိတော့ စူးရှနေတဲ့ အလင်းရောင်တွေနဲ့မလို့ ပြန်မှိတ်ထားလိုက်သည်။
အသံတွေကို နားစွင့်မိတော့ ကလေးတွေရဲ့ ဆူညံသံတွေကို ကြားနေရလို့ စိတ်ထဲ ကျိန်ဆဲပလိုက်သည်။
ဟိုကောင်တွေ သူတို့ ကလေးတွေများ ခေါ်ဆော့ခိုင်းနေသလားပဲ
အကျင့်ရတဲ့ထိ မျက်လုံးကို ပုတ်ခတ်လုပ်လိုက်ပီး သေချာစူးစမ်းမိတော့ ဒါငါ့ အခန်းမဟုတ်ဘူးဟ ဟိုကောင်တွေငါ့ကို ဘယ်အခန်းထဲထားထားတာလဲ
အသေအချာကြည့်နေရင်း ထလိုက်တော့ ဘေးနားက လှုပ်စိလှုပ်စိလေးကိုမြင်လိုက်ရသည်။
ဟင်ကလေးလေးပါလား ငါ့ကို အဖွဲ့ကကောင်တွေ ခေါ်မလာပဲ ကလေးကများကယ်လာသလား ဒါမှမဟုတ်ရင် ကလေးကိုများအစောင့်ထားခဲ့သလား။ ဘေးမှာရှိတဲ့ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်မိတော့ ပြေးလွှားနေတဲ့ ကလေးတစ်သိုက်ကို မှုန်ဝါးဝါးသာ မြင်နေရသည် ကျစ် အခုထိ အိမ်ရေးမ၀လို့ သေချာမျက်လုံးမပွင့်တာထင်တယ်။
"ဟေ့ကလေးလေး ကလေးလေး"
လှုပ်နှိုးပီးခေါ်လိုက်တော့ မျက်လုံးမပွင့်တပွင့်နဲ့ ခေါင်းထောင်ပီးကြည့်လာတဲ့ကလေးလေး
သူ့ကိုမြင်တော့ မျက်လုံးလေးတောက်ပလာပီး အော်လိုက်သည့်အသံက ခေါင်းမူးနေတဲ့သူ့ကို ပိုပီး ပြာဝေသွားစေသည်။
ဆော့ဂျင်းနီးလေး နိုးလာပီ မာသာကြီးးးးရေးးး!! ဂျင်းနီးလေး နိုးလာပီ ဆော့ဂျင်းနီးလေး ဘယ်နားနာနေသေးလဲဟင် ကိုကြီး ကိုပြောနော်"
"အဟင့် ဟင့် ဆော့ဂျင်းနီးးးး"
ဘေးကအော်နေတဲ့ အာပြဲကလေးအသံဆုံးတာနဲ့ ၀၀လုံးလုံးကလေးက ပြေး လာပီးလာဖက်တော့သည်။
ပီးတော့ သူက အဲ့ကလေးပေါက်စရင်ခွင်ထဲမှာတောင် မြှပ်နေသေးတာ
ဝှက်သယ်ဖက်စ်!!!!!
ငါ့ခန္ဓာကိုယ်က အရိုက်ခံလိုက်ရလို့ သေးကွေးသွားတာလား ဘာလဲ ဟိုကောင်တွေ စနေကြတာတော့မဟုတ်ပါဘူးနော် ငါရူးသွားအောင်လို့ ငါ့ခန္ဓာကိုယ်ထက် ကြီးတဲ့ ကလေးတစ်ယောက်ကို လာဖက်ခိုင်းတာနေမယ်။
ESTÁS LEYENDO
Ꮢ U ꇙ꒤ᏒᎬ ?
Fanfic"ကျွန်တော်ရဲ့ အချစ်က ကလေးပေါက်စကနေ စပါတယ် အဲ့ကလေးက လူဆိုးလေးဖြစ်ပေမယ်လို့ပေါ့" "I'm bad~~~~~~~guy~~~ဒွန် တွန် ဒွန် တွန် တွန် တွန် " မျက်မှောင်တစ်ချက်ကျုံ့မိကာ မျက်ခုံး နှစ်ခုကြားအစပ်ကို လက်ဖြင့် ဖိလိုက်သည်။ "ကျစ် ငြိမ်ငြိမ်နေပါတော့!!!!!!!"